အပိုင်း(၂၇) ရေကူးကန်

1.2K 159 3
                                    

[Unicode]

အပိုင်း(၂၇) ရေကူးကန်

သူတို့တွေ ရေကူးကန်ရင်ပြင် တံခါးကို ဖွင့်လိုက်တာနဲ့ ကလိုရင်းအနံ့က Jennie နှာခေါင်းဆီပျံနှံ့လာပြီး သူတို့ အထဲလျှောက်လာလေလေ အပူအငွေ့ခံရလာလေလေဖြစ်သည်။ သူမနဲ့ Ella အဝတ်လဲဖို့ အဝတ်လဲခန်းအကြီးထဲကို ဝင်လိုက်ကာ Lisa ကတော့ သူတို့ဘေးက အခန်းငယ်ထဲဝင်သွား၏။ Ella ကို ရေသူမပုံလေးပါတဲ့ ရေကူးဝတ်စုံ လဲပေးရတာ အချိန်သိပ်မကြာသလို သူမလည်း အင်္ကျီချွတ်လိုက်ရင်း အနက်ရောင် ရေကူးဝတ်စုံလေးဝတ်လိုက်၏။

ဒါကပထမဆုံးအကြိမ် သူမရဲ့ ပိုဖော်ပြလွန်းတဲ့ပုံစံကို Lisa က မြင်တွေ့ရမှာဆိုတော့ စိတ်ထဲ သိပ်မလုံခြုံသလိုဖြစ်လာ၏။ သူက ကလေး မွေးထားရတဲ့မိခင်ဆိုတော့ သူမရဲ့ ပုံမှန်ဝတ်စုံနဲ့ဆို သိပ်ပြီး မမြင်ရပေမယ့် ကလေးမွေးတဲ့အချိန်ကတည်းက တက်လာတဲ့ ဝိတ်က အများကြီးမကျသွားပါ။ တင်ပါးနဲ့ ဝမ်းဗိုက်မှာ သိသာထင်သာတဲ့ ကောက်ကြောင်းတော့ရှိနေပြီး ပေါင်နဲ့တင်ပါးမှာ ထင်ရှားတဲ့ အစင်းရာတွေရှိနေတာကို မုန်းလှသည်။ ရေကူးဝတ်စုံပေါ်မှာ ထပ်ဝတ်ဖို့ ရှပ်အင်္ကျီပဲဖြစ်ဖြစ် ဘောင်းဘီအတိုပဲဖြစ်ဖြစ် မယူလာမိတာကို Jennie နောင်တရသွား၏။ ဒါကြောင့် Ella ကို မဆွဲထားတဲ့ လက်နဲ့ ကိုယ့်ကိုယ်ကိုတက်နိုင်သမျှ ကာထားလိုက်ရ၏။

Jennie တံခါးဖွင့်ပြီး ထွက်လာတော့ Lisa က သူတို့ကို အခန်းအပြင်မှာ စောင့်နေတာ တွေ့လိုက်သည်။ သူမအရှေ့မှာ ရပ်နေတဲ့ ပုံရိပ်လေးကို ရှက်ရမှန်း မသိလောက်အောင် ငမ်းမိနေရင်း အသက်ရှူဖို့ မေ့သွားတော့မလို ခံစားရ၏။ Lisa က အပြာဖျော့ bikini ကို ဝတ်ထားပြီး အသားအရည်အရောင်နဲ့ ဆက်ဟပ်နေကာ လွယ်အိတ်ကို လွယ်လိုက်တဲ့အချိန်  ဝမ်းဗိုက်ကြွက်သားတွေကို Jennie ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။

"ဟေး ငါတို့အတွက် Locker တွေ့ထားတယ်"

နံရံကပ်ပြီး လုပ်ထားတဲ့ Lockers ဘက်ကို Lisa မေးဆက်ပြရင်း ပြောလာ၏။

Lisa က သူတို့ရှေ့ကလျှောက်သွားကာ သူတို့ပစ္စည်းတွေလုံလုံခြုံခြုံထားနိုင်မယ့် Locker အလွတ်ဆီဦးတည်သွားတဲ့အချိန် Jennie အကြည့်မလွှဲနိုင်အောင်လိုက်ကြည့်မိ၏။ Lisa ရဲ့ နောက်ကျောသေးသေးလေးဆိုပေမယ့် မြင်ရတဲ့ ကြွက်သားတွေ ရှိနေပြီး ခါးသွယ်သွယ်လေးကိုမြင်နေရပြီး Jennie ရုတ်တရက် အာခေါင်ခြောက်လာတာကြောင့် အမြန်တံတွေးမျိုချမိသည်။ ဒီဆရာမလေးက တစ်နေ့မှာ သုံးနပ်နဲ့ ကယ်လိုရီများတဲ့အစားအသောက်တွေစားပေမယ့် အခုပုံစံအတိုင်း ကြည့်ကောင်းနေတယ်ဆိုတဲ့အချက်ကို Jennie မစဉ်းစားရ မနေနိုင်ဖြစ်သွား၏။ Lisa က ခါးကုန်းပြီး သူတို့ပစ္စည်းတွေကို Locker တစ်ခုတည်း စုထည့်နေတဲ့အချိန်မှာ သွေးကြောစိမ်းစိမ်းလေးတွေလည်း မြင်နေရသေးသည်။

I see who I wanna be (in my daughter'eyes) Where stories live. Discover now