[Unicode]
အပိုင်း(၁၁) ခံစားချက်အသစ်
"Miss Kim?... Miss Kim?"
Jennie က သူမ နာမည်ခေါ်သံကြား၍ နိုးလာကာ တစ်ချိန်တည်းမှာပဲ 'Miss Kim' ဆိုတဲ့ အသုံးအနှုန်းက စီးပွားရေးနယ်ပယ်က လူတွေ သူမကို သုံးတဲ့အသုံးအနှုန်းဖြစ်ကြောင်းနဲ့ သူမ အိပ်နေတဲ့အချိန်လာခေါ်တက်တဲ့အသုံးအနှုန်း မဟုတ်ကြောင်း သတိရသွားသည်။ သူမခေါင်းပေါ် Lisa ခေါင်းက မှီထားတာကြောင့် မသိလိုက်ပဲ သူမ ဆတ်ခနဲ့ ခေါင်းထောင်လိုက်တော့ နှစ်ယောက်စလုံး ခေါင်းချင်းတိုက်မိကြပြီး နာသွားတာကာ ငြီးလိုက်မိသည်။
"တောင်းပန်ပါတယ်"
Jennie အလျင်အမြန်ပဲ ပြောလိုက်ကာ လက်ကလည်း Lisa ရဲ့ ခေါင်း ကိုင်တော့မလိုနဲ့ Lisa ခေါင်းနားမှာ တန့်နေ၏။
"နင်အဆင်ပြေရဲ့လား"
"စိတ်မပူပါနဲ့ ငါ အဆင်ပြေတယ်"
Lisa ခေါင်းကို ပွတ်ရင်း ပြန်ဖြေလိုက်ကာ သာသာလေး ရယ်လိုက်သည်။
"ငါ အိပ်ရာကနိုးသမျှထဲမှာ အဆိုးဆုံးအခြေအနေတော့ မဟုတ်သေးဘူး"
Lisa အဆင်ပြေရဲ့လား သေချာအောင် ကြည့်ဖို့ အလျင်လိုသွားတာကြောင့် Jennie က သူတို့နှစ်ယောက်လုံး ဒီလို နိုးလာရတဲ့ အကြောင်းအရင်းကို မေ့လုနီးပါးဖြစ်သွားသည်။ Lisa ရဲ့မျက်နှာကို နောက်ဆုံးတစ်ခေါက်သေချာပြန်ကြည့်ပြီးတာနဲ့ သူမကို လာနိုးတဲ့ အသံပိုင်ရှင်ဘက်ကို အာရုံစိုက်လိုက်၏။
"Frank?"
"Miss Kim ဟိုင်း နိုးလိုက်မိတာ တောင်းပန်ပါတယ်"
ထိုလူက တောင်းပန်နဲ့အပြုံးနဲ့ ပြုံးပြလာသည်။
"ပိတ်ချခံထားရတာ ပွင့်သွားပါပြီလို့ ပြီးတော့ အဲ့အကြောင်းကို ဖုန်းဆက်ပြောမလိုလုပ်တော့ ဘယ်သူမှ ဖုန်းလာမကိုင်တာနဲ့ အပေါ်ထပ်တက်လာပြီးလာပြောတာ။ သူဌေး အခုပြန်လို့ရပြီ။ ကျန်တဲ့ စာရွက်စာတမ်း ကိစ္စနဲ့ တခြားကို တနင်္လာနေ့မှာ ကျွန်တော်တို့ ကိုင်တွယ်လိုက်ပါ့မယ်"
Jennie ဒီသတင်းကြားလိုက်ရတော့ စိတ်သက်သာရာ ရသွားပေမယ်လည်း အချိန်ဘယ်လောက်တောင် ကုန်သွားပြီလဲဆိုတာ စဉ်းစားမိတာနဲ့ ရင်ထဲ ဒိတ်ခနဲ့ဖြစ်သွားသည်။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...