အပိုင်း(၂၉) ငါ့ကောင်မလေး

1.4K 144 4
                                    


[Unicode]

အပိုင်း(၂၉) ငါ့ကောင်မလေး

"ကဲ သူငယ်ချင်းလေးတို့.. သားတို့ သမီးတို့လုပ်လာတဲ့ ကတ်တွေကို ဒီကိုယူလာပြီး ဆရာမကို ပေးနော်.. ဒါမှ သူငယ်ချင်းလေးတို့ အိမ်မပြန်ခင် တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့ကတ်တွေ ရအောင် လုပ်ပေးလို့ရမှာ"

မူကြိုကျောင်းဆင်းဖို့  အချက်ပေးခေါင်းလောင်းမမြည်ခင် မိနစ်ပိုင်းအလိုလောက်မှာ Lisa က အတန်းထဲ ကြေညာလိုက်ခြင်းဖြစ်သည်။

ကလေးတွေမှာ ချစ်ဖို့ကောင်းတဲ့ကတ်လေးတွေကိုင်ပြီး သူမကို ပေးဖို့တန်းစီနေတာကိုကြည့်ပြီး ကျေးဇူးတင်မိလိုက်သည်။ အရောင်တွေက မတူညီကြကာ ချစ်ဖို့ကောင်းတဲ့ ပန်းရောင်ကစပြီး အညိုရောင်အထိ ရှိနေပြီး ကတ်တစ်ကတ်ခြင်းဆီကို ကြည့်ယုံနဲ့တင် Lisa နှလုံးသားလေး အရည်ပျော်မိတော့မလိုဖြစ်နေသည်။

"ဒီကတ်က ဆရာမအတွက်"

အသံက သေးသေးလေးကြောင့် Lisa ကတ်တွေကို စီစဉ်နေရာကနေ မော့ကြည့်လိုက်မိသည်။ ကတ်တွေကို စီနေခြင်းမှာ ကလေးတွေကို တစ်ပါတည်း ပြန်ပေးလိုက်နိုင်ရန်ဖြစ်၏။

"မာမီဆီက"

Lisa က ကလေးကို လှည့်ကြည့်လိုက်တော့မှ Ella ဆက်ပြောလာခြင်း။

"ဟုတ်လား"

Lisa က Ella အရပ်အမြင့်ထိရောက်အောင် ဒူးထောက်ထိုင်ချလိုက်ပြီး မေးလိုက်တော့ Ella က စိတ်အားထက်သန်မှုအပြည့်နဲ့ ခေါင်းပြန်ညိပ်လာတာကို ကြည့်ပြီ ပြုံးလိုက်၏။

"ကျေးဇူးအများကြီးပါနော် ကလေးလေး"

ကလေးလက်ထဲက ပန်းရောင်အဖျော့လေးသုံးထားတဲ့ အသည်းပုံကတ်လေးကို ကြည့်လိုက်ရင်း Lisa ပြုံးလိုက်သည်။ ဒါက မူကြိုအဆင့်တွေ ပြုလုပ်နိုင်မယ့် လက်ရာထက်ကျော်လွန်နေတာကြောင့် Jennie ကိုယ်တိုင်လုပ်ထားတာဖြစ်ကြောင်း ယူဆလိုက်ပြီး ဂရုတစိုက်နဲ့ စားပွဲပေါ်တင်လိုက်ကာ တခြားကတ်တွေနဲ့ မရောသွားအောင် ခွဲထားလိုက်သည်။ သေချာစီစဉ်ပြီးတာနဲ့ အချိန်ခဏလောက်ယူကာ ကတ်တွေနဲ့အတူ သကြားလုံးပါတဲ့အိတ်လေးတွေကို ကလေးတစ်ယောက်ချင်းဆီပြန်ပေးလိုက်သည်။ ကလေးတွေက သကြားလုံးအိတ်ကို တက်တက်ကြွကြွနဲ့ ဖွင့်ဖောက်နေကာ သူတို့မျက်နှာပေါ်က အပြုံးတွေကြောင့် Lisa မနေနိုင်တော့ပဲ ရယ်မိတော့သည်။၊

I see who I wanna be (in my daughter'eyes) Where stories live. Discover now