အပိုင်း(၂၂) Lisa's

1.3K 187 7
                                    


[Unicode]

အပိုင်း (၂၂) Lisa's

Lisa က ဆောင်းရာသီပိတ်ရက်ကို Busan ကိုပြန်ရင်း အသုံးချ၏။ အရင်အပတ်တွေမှာ စိတ်အခြေအနေက ရိုလာကိုစတာလို မြင့်သွားလိုက် ကျလာလိုက် ခံစားပြီနောက် Busan ကို ပြန်ပြီး အမေ Bom နဲ့ အစ်မ Rosé တို့နဲ့အတူ မိသားစုအချိန်လေးကို ပြန်ခံစားတာက အခုချိန် သူမ အလိုအပ်ဆုံးအရာဖြစ်နေ၏။ Lisa မိသားစုဝင်တွေကို တွေ့ချင်လှသည်။ Rosé က အချိန်ရလျှင် ရသလို လာလည်တယ်ဆိုပေမယ့်လည်း ဇာတိမြို့ကို ပြန်ပြီး Rosé နဲ့ Bom နဲ့အတူ နေတယ်ဆိုတာနဲ့တော့ မတူဘူးလေ။ သူမ Seoul မြို့ကို ပြောင်းသွားတဲ့အတွက် သူတို့နဲ့ အနေစိမ်းသွားမှာ စိုးရိမ်မိပေမယ့် ဒါက ပေါကြောင်ကြောင်အတွေးဆိုတာ သူမ သိနေသည်။ သူမ အိမ်ပြန်ရောက်တာနဲ့ ဘယ်တုန်းကမှ မထွက်သွားဖူးသလို ခံစားရမယ်ဆိုတာ သိနေပြီး သူမ အိမ်အမြန်ပြန်ရောက်ချင်လှသည်။ ဒီအကြိမ်မှာတော့ သူမနဲ့အတူ Oreo လေးလည်း ပါလာတာကို ဝမ်းသာမိသည်။ ခွေးပေါက်လေး လမ်းတစ်လျှောက်လုံးမှာ ရုန်းရင်းဆန်ခတ်ဖြစ်လာမှာကို စိုးရိမ်မိပေမယ့် ရထားစီးနေတဲ့ တစ်လျှောက်လုံး ပေါင်ပေါ်မှာ အိပ်ပြီးသာ လိုက်လာ၏။

ရထားရဲ့ ပြတင်းပေါက်ဘောင်ပေါ် ခေါင်းမှီရင်း လမ်းကြောင်း တစ်လျှောက် မြင်လာသမျှ မြင်ကွင်းလှလှလေးတွေကို ကြည့်ကာ အတိတ်ထဲ အတွေးလှေလွှင့်မိသည်။ Lisa က ရထားစီးပြီး အိမ်ပြန်ရတာကို သဘောကျ၏။ သူမအနေနဲ့ ကားမောင်းရင်း ပြန်လို့ရတယ်ဆိုပေမယ့် လုံခြုံတဲ့ ရထားတွဲပေါ်မှာ ထိုင်ရင်း လောကရဲ့မြင်ကွင်းကို ဝေဝေဝါးဝါးအရောင်မျိုးစုံနဲ့ ကြည့်နေရတာ စိတ်အပန်းဖြေရာရောက်သလို စိတ်ရောဂါကုထုံးလည်း ဖြစ်သေးသည်။

နေဝင်တော့မယ့်အချိန်မှာ မြင်ကွင်းတွေ တဖြည်းဖြည်းပြောင်းလဲသွားတာကို ကြည့်တာက စွဲမက်ဖွယ်ကောင်းကာ အခုချိန်ရောက်မှ Lisa အနေနဲ့ ခဏလောက် အနားယူဖို့လိုအပ်နေတယ်ဆိုတာ သိလာ၏။

သူကို ထွက်သွားဖို့ပြောတဲ့အချိန် Jennie မျက်နှာမှာ နောင်တတရားတွေ ရှိနေတာကို မြင်ရပြီး Jennie စိတ်များ ပြောင်းသွားမလားဆိုပြီး မျှော်လင့်ချက်နဲ့ Lisa စက္ကန့်အနည်းငယ်လောက်စောင့်ဆိုင်းခဲ့သည်။ Jennie တစ်ယောက်တည်း မဟုတ်ပါကြောင်းနဲ့ တစ်ကိုယ်တော် ရင်ဆိုင်စရာမလိုပါကြောင်း နားလည်ပါစေလို့ ပြင်းပြင်းထန်ထန် ဆုတောင်းမိခဲ့သည်။ သို့ပေမယ့် Jennie ပြောတဲ့ စကားတွေက သူမခေါင်းထဲ ထပ်ခါ ထပ်ခါ ပြန်ကြားနေ၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now