[Unicode]
အပိုင်း(၄) ကြားဖို့လိုတဲ့ စကားအချို့
"Miss Manoban" နူးနူးညံ့ညံ့အသံလေးမှာ သိမ်ငယ်နေပုံပေါ်နေပြီး ကျန်တဲ့ကလေးတွေကတော့ သူတို့ရဲ့သစ်ပင်ပုံမှာ သူတို့ရဲ့မိသားစုဝင်တွေရဲ့နာမည်ကို ကပ်နေကြတုန်ဖြစ်၏။
"ဟေး Ella အဆင်ပြေရဲ့လား သမီးလေး" သူမရဲ့အရှေ့မှာ ရပ်နေတဲ့ကလေးငယ်ကို ပြုံးပြလိုက်သည်။
သူမရဲ့နှဖူးလေး နည်းနည်တွန့်နေနေတာက သူမ တစ်ခုခုကို စိတ်ထဲ လွန်ဆွဲနေခြင်းဖြစ်ကြောင်း Lisa ပြောနိုင်သည်။ Jennie လုပ်လေ့ရှိတဲ့ပုံနဲ့ တူလှ၏။
"သမီးပြီးသွားပြီ" သူမရဲ့ ရေးဆွဲဆေးချယ်ပြီးဖြစ်တဲ့ ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ စာရွက်ကို ညွှန်ပြလိုက်၏။
"ဟုတ်လား။ တော်လိုက်တာ" Lisa မတ်တပ်ရပ်လိုက်ကာ စာရွက်ကို သွားယူလိုက်၏။ "လှလိုက်တာကွာ"
Ella ရှက်ပြုံးပြုံးလာပေမယ့် နဖူးကတော့ ကြုပ်ထားတုန်း ဖြစ်ပြီး အရင်အပတ်က Jennie နဲ့စကားပြောအပြီးမှာတော့ Ella လေး ဘာလို့ အခုလိုဖြစ်နေလဲဆိုတာ Lisa မအံ့ဩတော့ပေ။ သူမက အခုထိ ကော်ကပ်နေတုန်းဖြစ်တဲ့ တခြားကလေးတွေနဲ့ယှဉ်ရင် သူမက ဘယ်လိုလုပ် အမြန်ပြီးသွားလဲဆိုတာ စိတ်ပူနေတာဖြစ်လိမ့်မည်။
Lisa က အခန်းကို တစ်ချက်မြန်မြန် ကြည့်လိုက်ပြီး Ella ရဲ့အရပ်အမြင့်အတိုင်း ထိုင်ချလိုက်၏။
"ဟေး ဆရာမရဲ့အထူးထုတ် အရောင်တလက်လက်ဘောပင်လေး သုံးပြီး ပုံဆွဲကြမယ်ဆိုရင်ကော ဘယ်လိုလဲ" Lisa က စိတ်လှုပ်ရှားမှုအပြည့်ပါတဲ့ လေသံလေးနဲ့ မေးလိုက်သည်။
"ဟုတ်ကဲ့ ဆွဲချင်ပါတယ်" Ella က အသက်တစ်ချက်ရှိုက်လိုက်ပြီး စိတ်အားထက်သန်မှုအပြည့်နဲ့ ခေါင်းညိပ်ပြကာ Lisa က ဗီဒိုထဲက ဘောပင်တွေကို သွားယူတော့ အနောက်ကနေ ထပ်ချက်မခွာ လိုက်လာ၏။
"လာလေ ဆရာမ စားပွဲခုံပေါ်မှာ လာဆွဲလို့ရတယ်" သူမကို ခုံသေးသေးလေးပေးလိုက်ပြီး စာရွက်အလွတ်လေးကိုလည်း ချပေးလိုက်၏။ "သမီး ဘာဆွဲမှာလဲ" Lisa လည်း ဝင်ထိုင်ရင်း ပြုံးလိုက်သည်။
![](https://img.wattpad.com/cover/283182608-288-k137714.jpg)
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...