[Unicode]အပိုင်း(၃၃) ခံစားချက်
ဒီညကတော့ Lisa ပုံမှန်လာအိပ်နေကြအခြေအနေနဲ့ အနည်းငယ်ကွာခြားနေသည်။ ပုံမှန်ဆို သူတို့လုပ်ချင်တာ မှန်သမျှ လုပ်လေ့ရှိပေမယ့် ဒီနေ့က ကြားရက်ပဲ ရှိသေးတာကြောင့်ရော ဒီနေ့နေ့လည်ပိုင်း Jennie မလုပ်လိုက်ရတဲ့ အလုပ်တွေအတွက်ရော Jennie အစားထိုးလုပ်နေရသည်။ ထိုသို့မလုပ်ရင် ကျန်တဲ့ရက်တွေမှာအလုပ်တွေ စုပြုံသွားမည်ဖြစ်ကာ ညနောက်ကျတဲ့အထိ ရုံးမှာထိုင်ရင်း အလုပ် လုပ်ရလိမ့်မည်။ ပုံမှန်ဆို အလုပ်နဲ့ ပတ်သတ်တာတွေကို Ella အိပ်ရာဝင်တဲ့အထိ စောင့်ပြီးမှ လုပ်လေ့ရှိပေမယ့် Oreo ကလည်း ကလေးနဲ့အတူ အဖော်ရှိနေပြီး Lisa ကလည်း စောင့်ကြည့်ပေးနေတာကြောင့် သူတို့ ဧည့်ခန်းထဲမှာ ထိုင်လိုက်တာနဲ့ လပ်တော့ထုတ်ပြီး လုပ်စရာအလုပ်တွေ စလုပ်တော့သည်။ သူမအတွက် အံ့ဩစရာကောင်းလောက်အောင် အလုပ်ထဲ အာရုံစိုက်နိုင်နေကာ ဆူညံသံတွေကိုပါ လျစ်လျူရှုနေနိုင်သည်။ Jennie စာရိုက်နေတုန်း Lisa လက်က သူမရဲ့ပုခုံးပေါ်လာတင်လာတာကို ခံစားလိုက်ရပြီး Lisa အဆင်ပြေရဲ့လားဆိုတာလည်း Jennie တစ်ချက်တစ်ချက် လှည့်ကြည့်၏။
Lisa ကြည့်ရတာ ဒီနေ့လည်ကထက် ပိုအဆင်ပြေနေပုံ ပေါ်နေပေမယ့် ဝမ်းနည်းမှုကတော့ ရှိနေတုန်းပင်။ အဲ့အခိုက်အတန့်မှာ Jennie စဉ်းစားမိတာက Lisa Manoban က ဘယ်လောက်တောင် စိတ်ဓာတ်သန်မာလဲဆိုတာပင်။ နေ့စဉ်နေ့တိုင်း ရုန်းကန်နေကာ အတိတ်ကို တိုက်ခိုက်နေပြီး အတိတ်က ဖြစ်ရပ်ကြောင့် သူရဲ့နှလုံးသားကို အနစ်မွန်းမခံပေ။ သူရဲ့ဘဝကို ကြင်နာတက်တဲ့နှလုံးသားနဲ့ အပျော်တွေကို တက်နိုင်သမျှ မျှဝေပေးပြီးနေသည်။ ပြီးတော့ Jennie လက်ချောင်းတွေကို ကီးဘုတ်မှာ ပြေးလွှားနေတုန်း ရင်ဘက်ထဲမှာ တစ်ခုခု ဆွဲငင်ယူထားသလို ခံစားလိုက်ရကာ အတွေးထဲမှာ ဖမ်းဆုပ်ခံရသလို ခဏတာ ရပ်တန့်သွားသည်။ အဲ့ခံစားချက်... ဆွဲငင်ခံလိုက်ရတဲ့ ခံစားချက်က သူမဘဝမှာ လူအနည်းငယ်နဲ့သာ ခံစားဖူး၏။ အတိအကျပြောရရင် လူ နှစ်ယောက် Ella နဲ့ Jisoo သာ။ ကဲ အခုတော့ Lisa အကြောင်းကို စဉ်းစားမိနေရင်း တူညီတဲ့ ခံစားချက်က ထွက်လာကာ သူမရဲ့နှလုံးသားထဲကနေကို သိနေသည်။ ဒါပေမယ့် အခုထိ ဒီခံစားချက်နဲ့ ရင်ဆိုင်ဖို့ အဆင်သင့်မဖြစ်သေးပေ။ သူမ Lisa ကို ချစ်တာတော့ သိသည်။ ဒီအသက်အရွယ် ဗဟုသုတနဲ့ ဒီလိုအသုံးအနှုန်းမျိုးထွက်လာဖို့ဆိုတာ လွယ်ကူမှန်း Jennie သိသည်။ Lisa ကို မချစ်ဖို့ဆိုတာ သူမ ရူးနေမှဖြစ်လိမ့်မည်။ ဒါပေမယ့် Jennie အရင်တုန်း ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မချစ်မိခဲ့ဖူးပေ။ Ella ကို ချစ်တဲ့အချစ်က တခြား ဘယ်အရာနဲ့မှမတူ။ ဒါပေမယ့် Lisa အပေါ် ခံစားမိတဲ့အချစ်ကလည်း Ella နဲ့မတူညီပြန်။ သူမအတွက် လုံးဝအသစ်ဖြစ်နေတဲ့ ခံစားချက်ဖြစ်နေပြီး သေချာစမ်းစစ်ဖို့ အချိန်တော့ လိုအပ်နေသေးသည်။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...