[Unicode]
အပိုင်း(၂၅) အချိုပွဲ
"Miss Manoban က ဘာလို့ရောက်နေတာလဲ"
သူမရဲ့ဆရာမကို မြင်လိုက်တာနဲ့ စိတ်ရှုပ်မှုကြောင့် Ella ရဲ့ မျက်ခုံးသေးသေးလေး ကြုပ်သွားသည်။ သူမရဲ့မာမီရယ် အန်တီ Jis ရယ်က တံခါးဝမှာ ရပ်နေရင်း သူမကို ကြည့်နေကြတာတွေ့လိုက်၏။
"မာမီတွေအချိုပွဲစားရင်း သူပါ ပါမှာ ကလေးရဲ့.. ပျော်ဖို့ မကောင်းဘူးလား"
Jennie က Ella ရဲ့အရပ်အမြင့်အတိုင်း ဒူးထောက်ချလိုက်ရင်း ပုံမှန်ထက်ပိုပြီး စိတ်အားထက်သန်နေတဲ့ လေသံနဲ့ မေးလိုက်သည်။
"မာမီကို ဖက်ပေးပါဦး.. ကလေးက အပြင်ရောက်နေတော့ မာမီလွမ်းနေလို့"
Jennie က လက်မောင်းဆန့်လိုက်ပေမယ့် ကလေးမှာ ခဏလောက် အခြေအနေကို လေ့လာနေသလိုမျိုး ငြိမ်နေပြီးမှ နောက်တော့ ပိုပျော်ဖို့ကောင်းမယ့် အရာတွေကို တွေးမိသွားတာတဲ့ ပုံမျိုးနဲ့ Jennie ရင်ခွင်ထဲကို တိုးဝင်လိုက်သည်။
"အခု ကိတ်မုန့်စားလို့ရပြီလား"
Ella က ဖက်ထားတာကို ခွာလိုက်ပြီးမှ ဘေးမှာ ရပ်နေတဲ့ အမျိုးသမီးသုံးယောက်ကို အားတက်သရော မေးလာ၏။
"အန်တီ သွားရတော့မယ့် ကလေးရဲ့.. နောက်ကျရင် တွေ့မယ်နော် ဟုတ်ပြီလား"
Jisoo လည်း Jennie လိုမျိုး ဒူးထောက်လိုက်ပြီး Ella ကိုဖက်လိုက်ကာ ပြီးမှ မတ်တပ်ပြန်ရပ်လိုက်၏။
"နင်တို့လည်း ပျော်ကြပါ.. အဲ့ အရမ်းကြီးလည်း ပျော်မနေနဲ့ဦး.. ကလေးရှိသေးတယ်"
Lisa နဲ့ Jennie ဘက်ကို မျက်လုံးတစ်ဖက် မှိတ်ပြပြီးမှပြန်ထွက်သွား၏။
"လာ ကလေး မာမီတို့ ကိတ်သွားစားရအောင်"
Jennie က Ella ကျောပေါ်လက်တင်လိုက်ရင်း မီးဖိုခန်းဆီသွားဖို့ ညွှန်လိုက်ရင်း Lisa ကိုတြော နောက်က လိုက်လာစေ၏။
"ဆရာမက ကိတ်စားလား"
Ella က Lisa ဘက်လှည့်လိုက်ကာ အပြုံးနဲ့ မေးလိုက်သည်။၊
"အင်း ဒါပေါ့.. ဆရာမလည်း ကိတ်စားတယ်.. မစားရင် ရူးနေလို့ပဲဖြစ်မယ် နော်"
![](https://img.wattpad.com/cover/283182608-288-k137714.jpg)
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...