[Unicode]
အပိုင်း(၆) ပန်းပို့လိုက်ပါ
အဲ့ညက တစ်ညလုံး Jennie အိပ်မပျော်နိုင်ပါ။ Ella က သုံးလေးကြိမ်လောက် ထအန်ကာ ပထမဆုံးအကြိမ်က အိပ်ရာပေါ်မှာ ဖြစ်ပြီး Jennie က ဘေးမှာထိုင်ရင်း အန်လို့ရတဲ့ဇလုံကို လိုချင်တဲ့အချိန်တိုင်း ပေးနိုင်ဖို့ ရှိနေရ၏။ အခင်းတွေကို လဲလိုက်ပြီး ကလေးငယ်ကိုတော့ Jisoo ယူလာပေးတဲ့ စောင်နဲ့ ပတ်ပေးထားသည်။ မကြာခဏ ဝင်လာတက်တဲ့ သူနာပြုတွေ ရှိနေကာ Ella ရဲ့ သွေးတွင်း အောက်ဆီဂျင် နှုန်းနဲ့ Ella အဆင်ပြေမပြေ လာစစ်ဆေး၏။
မနက်ခင်းအစောပိုင်းသို့ရောက်တဲ့အခါ Ella မှာ အသက်ရှုရ ပြဿနာရှိလာကြောင်း Jennie သတိထားမိ၏။ ကလေးငယ်ရဲ့ အသက်ရှုပုံက မြန်နေပြီး သူရဲ့ မျက်လုံးသေးသေးလေးမှာ ကြောက်လန့်ခြင်းတွေနဲ့ ပြည့်နေတာကြောင့် Jennie မြန်မြန်ပဲ နံရံပေါ်က ခလုပ်ကို နိုပ်ပြီး သူနာပြုကို စောင့်နေလိုက်၏။
စက္ကန့်အနည်းငယ်ကြာတော့ သူနာပြုရောက်လာကာ Ella ကို စစ်ဆေးနေတုန်း ဘာဖြစ်တာလဲဆိုတာ Jennie မြန်မြန် ရှင်းပြလိုက်သည်။ Jennie စောင့်ကြည့်နေရင်း အကူအညီမဲ့လာသလို ခံစားရကာ သူနာပြုက အောက်စီဂျင်မျက်နှာအုပ်ကို Ella ကို နောက်တစ်ကြိမ် တပ်ပေးလိုက်ကာ အသက်ရှုရ အဆင်ပြေတဲ့အထိ ကူညီပေးလိုက်ပြီးမှ Jennie က ကလေးငယ်ဘေးမှာ ဝင်ထိုင်လိုက်၏။ Ella က သူမရဲ့ရင်ဘက်ပေါ် ခေါင်းတင်ထားတာကြောင့် စိတ်ပူပန်မှုအပြည့်တွေနဲ့ ဆံပင်လေးကို ပွတ်သပ်ပေးနေ၏။
"အသက်ရှုတာနဲ့ဆိုင်တဲ့ ဖိအားတွေရလာတာက ရေနစ်တဲ့လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့အရာပါ။ သူနာပြုက Jennie ကို အပြုံးလေးနဲ့ပြောလာသည်။ "မတော်တဆဖြစ်ပြီး နာရီအနည်းငယ်ကြာရင် ဖြစ်လေ့ရှိတက်တယ်။ အဲ့တာကြောင့်ပဲ သူကို တစ်ညလောက် ဆေးရုံတင်ချင်တာ။ ကျွန်တော်တို့ သူရဲ့သွေးတွင်းအောက်ဆီဂျင်ကို အဆက်မပြတ်စောင့်ကြည့်နေမှာ။ မကြာခင်ပုံမှန်ပြန်သွားမှာမို့လို တကယ်လို့ တစ်ခုခု လိုအပ်တာရှိရင် တုံ့ဆိုင်းမနေဘဲ ခေါ်လို့ရပါတယ်"
သူနာပြုလေး အခန်းထဲက မပြန်သွားခင် Jennie ကျေးဇူးတင်စကားပြောလိုက်ပြီး Ella ကို ပိုနီးနီးကပ်ကပ် ပွေ့ဖက်ထား၏။ သူမရဲ့ပူပန်မှုတွေပျောက်သွားဖို့ ဘယ်လိုဖြေသိမ့်ပေးရမလဲဆိုတာ သူမ မသိတော့သလို Jennie ရဲ့ စိတ်ထဲကနေ သမီးငယ်ရဲ့ နာကျင်မှုတွေ လွှဲပြောင်းယူလိုက်ကာ သူမဘဲ ဒီဝေဒနာတွေကို ခံစားလိုက်ချင်တော့သည်။ Ella အဆင်ပြေလာတာကို သူမခံစားမိကာ နောက်တစ်ခါ အသက်ရှုမဝတာမျိုး မဖြစ်အောင် Jennie က ကလေးငယ်ရဲ့စိတ်ကို နှစ်သိမ့်ပေးနေရ၏။

YOU ARE READING
I see who I wanna be (in my daughter'eyes)
RomanceJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...