[Unicode]
အပိုင်း(၁၂) အရက်သမ
သူတို့တွေ ကျန်တဲ့ နေ့လည်ခင်းကို Jisoo အိမ်မှာ အချိန်ဖြုန်းကြသည်။ Jennie က ရေချိုးထားတာကြောင့် Jisoo ရဲ့ ရှပ်အင်္ကျီအကြီးကြီးနဲ့ ဘောင်းဘီရှည် ငှားဝတ်ထားကာ ဘောင်းဘီက ရှည်လွန်းလို့ ခေါက်တင်ထားရသည်။ ဆိုဖာပေါ်မှာ Ella ကို ပွေ့ဖက်ထားရင်း Ella အကြိုက် Disney ကာတွန်းကားတွေ ကြည့်ကြသည်။ ပထမတစ်ကားရဲ့ တစ်ဝက်မှာတင် Ella အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပဲ Jennie လည်း အိပ်ပျော်သွား၏။ သူတို့နှစ်ယောက်အတူတူ အိပ်ပျော်သွားတဲ့ပုံစံက ချစ်ဖို့ကောင်းတာကြောင့် Jisoo က Jennie ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်သည်။ Jennie ရဲ့လောလောဆည်စိတ်အခြေအနေက အဆင်မပြေသေးတဲ့အတွက် နောက်ပိုင်းမှပဲ ဒီပုံတွေ မြင်လိမ့်မည်ဟု Jisoo ယူဆမိသည်။Jennie တစ်နာရီလောက်ကြာ အိပ်ပြီးနိုးလာတော့ စိတ်ခံစားချက်က နည်းနည်းပိုကောင်းလာသည်။ အမှန်တော့ သူမတကယ်ပဲ ခဏလောက် အိပ်ဖို့ လိုအပ်နေတာဖြစ်ပြီး ပင်ပန်းမှုတွေကြောင့် ခဏတာအိပ်ပျော်သွားတဲ့နောက်မှာ ဝမ်းနည်းနေတဲ့ခံစားချက်အားလုံးက အနည်းငယ်လျော့နည်သွား၏။ Jisoo ပြောစကားအရတော့ Ella က Jennie မနိုးခင် နည်းနည်းစောနိုးနေတာဖြစ်ပြီး အခု ဧည့်ခန်းအလယ်မှာ ရောင်စုံဘလော့တုံးတွေနဲ့ ကစားနေပြီး Jennie ကတော့ ဆိုဖာပေါ်မှာ ထိုင်ရင်း ကလေးငယ်ကို ကြည့်နေ၏။
"ကြည့်ဦး မာမီ"
Ella က ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါ်လိုက်ကာ သူမရဲ့ အသစ်ဖန်တီးမှုကို ပြလိုက်သည်။
"သမီးတို့ အိမ်ကို ဆောက်ထားတယ်"
"ဝိုးးး ကလေး အရမ်း မိုက်တယ်ကွာ" Jennie က ပြောလိုက်ကာ ဆိုဖာပေါ်က လှိမ့်ဆင်းလိုက်ပြီး Ella ရှိတဲ့နေရာဆီ တွားသွားလိုက်သည်။ သူမ တင်မလင်ခွေထိုင်လိုက်ကာ သက်တောင့်သက်သာနေလိုက်သည်။ Ella ကိုတော့ Jennie ပေါင်ပေါ်တင်လိုက်ပြီး အဲ့လိုထိုင်နေရင်နဲ့ပဲ ဘလော့တုံးတွေ ထိုင်ဆက်နေသည်။
Ellaက သူမရဲ့အာရုံအားလုံးကို ဘလော့တုံးဆက်တဲ့နေရာမှာ စူးစိုက်ထားတဲ့အတွက် လျှာတစ်လှစ်လေးထွက်နေကာ အဲ့အဖြစ်ကို ကြည့်ပြီး Jennie ရယ်လိုက်မိသည်။ ဒီလိုအမှတ်တရမျိုးမှာ Jennie ရှင်သန်နေတာဖြစ်သည်။ ဘဝရဲ့အလှည့်အပြောင်းအကြီးကြီးကို စောင့်စားမျှော်လင့်နေတာမျိုး မဟုတ်ပါပဲ သူတို့တွေ အတူတူရှိနေတဲ့ ဒီအခိုက်အတန့်လေး... Ella ရဲ့ မိခင်အဖြစ်နဲ့ မိမိရဲ့လူသားပေါက်စလေး ကြီးပြင်းရင့်ကျက်လာတာကို စောင့်ကြည့်ရင်း ဂုဏ်ယူနေရပြီး ဒီအနေအထားလေးကသာ သူမဘဝမှာ ဖြစ်ပျက်ခဲ့သမျှတွေထဲက အကောင်းဆုံးနဲ့ အစစ်မှန်ဆုံး အချိန်အခါလေးတွေဖြစ်တယ်။ ဒီလိုအချိန်အခါလေးတွေကပဲ သူမအစတုန်းက စိုးရိမ်စိတ်တွေကို ဘာမှစိုးရိမ်စရာမလိုကြောင်း ပြောပြပေးနေသလို။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomantikJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...