[Unicode]
အပိုင်း(၁၅) မိဘဖြစ်ရတာဟာသမဟုတ်
"ထတော့ကလေးရဲ့ ထဖို့အချိန်ရောက်ပြီ"
Jennie က Ella ရဲ့ အိပ်ရာစွန်းမှည ထိုင်ရင်း သာသာလေးနိုးလိုက်ပြီး ကလေးငယ်ရဲ့ ကျောကို ဖွဖွလေး ပွတ်သပ်ပေးလိုက်၏။
"မီးမီး အခုထမှရမယ်နော်။ မဟုတ်ရင် ကျောင်းနောက်ကျလိမ့်မယ်"ခေါင်းအုံးနဲ့ ကပ်ထားတဲ့ မျက်နှာသေးသေးလေး ပေါ်လာတာကို ကြည့်ကာ Ella ရဲ့ အိပ်ရာနိုးခါစ ရှုပ်ပွနေတဲ့ ဆံပင်ကို ကြည့်ပြီး Jennie ပြုံးလိုက်သည်။ Ella က မပီမသစကားအချို့ကို Jennie ဘက်လှည့်ကာ ရည်ရွတ်နေရင်း မျက်လုံးက ပိတ်ထားတုန်းဆိုပေမယ့် Jennie ကောက်ချီလိုက်သည်။ Ella ကို မနက်စာ စားခိုင်းဖို့ အောက်ထပ်ဆီ ချီသွား၏။ အောက်ထပ်ဆင်းနေတုန်း ကလေးငယ်က Jennie ကို မှီထားကာ သူတို့နှစ်ယောက်အတွက် မနက်စာ ပြင်ဆင်ထားတဲ့ မီးဖိုချောင်ကို သွားမယ့်လမ်းမှာမှ အနည်းငယ် မျက်လုံးဖွင့်လာ၏။
Jennie က Ella ကို သူမရဲ့ကိုယ်ပိုင်စားပွဲခုံဆီချပေးတဲ့အခါ ကလေးငယ်က ခါတိုင်းထက်ပိုပြီး သူမကို တွယ်ကပ်နေတာကို တွေ့လိုက်ရသည်။
ကလေးငယ်က သူမကို မလိုအပ်ပဲ တင်းတင်ကြပ်ကြပ်ဖက်ထားပြီး နောက်ဆုံးမှာတော့ အလျော့ပေးလိုက်ကာ Ella ကို ထိုင်ခုံမှာ မချပေးတော့ဘဲ မိမိထိုင်ခုံမှာ ထိုင်ပြီး Ella ကို ပေါင်ပေါ်တင်ထားလိုက်သည်။"နေကောင်းရဲ့လား ကလေးရဲ့"
Jennie က ဆံပင်ကိုသပ်ပေးလိုက်ပြီး နားရွက်နောက်ကို ထည့်ပေးလိုက်ပြီးနောက် Ella မျက်နှာကို ကောင်းကောင်းမြင်ရဖို့ ကြိုးစားလိုက်ပေမယ့် ကလေးငယ်က ဘာစကားမှ ပြန်မပြောပါပဲ Jennie ရင်ဘက်ကိုသာ ပိုတိုး ဖက်လာ၏။ သူမရဲ့ ရှေ့ရှပ်အင်္ကျီကိုလည်း ခပ်တင်းတင်းဆုပ်ထားသေးသည်။
"ဗိုက်ဗိုက်... မာမီ"
Jennie က ကလေးငယ် သက်တောင့်သက်သာဖြစ်အောင် ကျောကို စက်ဝိုင်းပုံစံ ပွတ်သပ်ပေးပြီး ခဏကြာမှ စကားပြန်ပြောတာဖြစ်သည်။
"နာနေလို့လား"
Jennie နူးနူးညံညံလေး မေးလိုက်ပြီး Ella က ခေါင်ညိပ်ပြရင်း ပြန်ဖြေလာသည်။ ကလေးငယ်မျက်နှာမော့လာအောင် လုပ်လိုက်ပြီး ပုံမှန်အိပ်ရာနိုးတိုင်း ဖြစ်နေကြမျက်နှာဘေးထက် နည်းနည်းပိုပြီး အလိုမကျတဲ့ပုံ ပေါ်သည်။
YOU ARE READING
I see who I wanna be (in my daughter'eyes)
RomansaJennie က သူမ အသက် ၂၃ နှစ်ရောက်တော့ သူမကိုယ်သူ ကလေးလိုချင်မှန်းသိသွားကာ အချိန်လည်း ထပ်မဆွဲချင် အခွင့်အရေးလွတ်သွားမှာလည်း စိုးရိမ်တဲ့အတွက် ကိုယ်ဘာသာ ကလေး မွေးဖို့ ဆုံးဖြတ်လိုက်သည်။ Jennie က သူမရဲ့ အနာဂတ် ဇနီးနဲ့ အတူ ကလေးယူရန် ဆွေးနွေးဖို့ အမြဲတမ်း တွ...