အပိုင်း(၁၉) သမီးလေးနဲ့တစ်ရက်တာ

1.3K 142 13
                                    

[Unicode]

အပိုင်း(၁၉) သမီးလေးနဲ့တစ်ရက်တာ

"မာမီ"

Ella က အခန်းထဲက ပြေးထွက်လားပြီး အရှိန်အပြည့်နဲ့ သူမရဲ့ ခြေထောက်ကို လာတိုက်ပြီး ဖက်လာတဲ့အချိန် Jennie သတိလက်လွတ်ဖြစ်သွားသည်။ Jennie ရယ်လိုက်ကာ အောက်ငုံလိုက်ရင်း လက်သေးသေးလေးတွေကို ဖယ်လိုက်ကာ Ella ကို ကောက်ချီလိုက်ပြီး မျက်နှာတစ်ခုလုံး အနမ်းသေးသေးလေးတွေ ပေးလိုက်၏။ ထိုနောက် ချီထားရင်းပဲ Jisoo ဆီသွားလိုက်သည်။

"ငါ ပြောပြရဦးမယ်.. ဒီက Miss Ella လေးက နင့်ကို အထင်ကြီးအောင်လုပ်ဖို့ သူ့အခန်းထဲရောက်ရောက်ချင်း အိတ်လေးထဲက ပစ္စည်းတွေကို နေရာတကျထားတယ်.. နင်လုပ်စရာ မလိုတော့အောင်တဲ့"
Jisoo မျက်စိမှိတ်ပြလိုက်သည်။
"သူ နင့်ကို တွေ့ရမှာမို့ အရမ်းပျော်နေတာ"

"အို ဟုတ်လား"

Jennie အံ့ဩသလိုလုပ်ပြကာ Ella ဆီလှည့်ကြည့်လိုက်တော့ ကလေးက စိတ်အားထက်သန်မှုအပြည့်နဲ့ ခေါင်းညိပ်ပြသည်။

"သမီး ပစ္စည်းအားလုံးကို ပြန်ထားပြီးပြီ မာမီ"

"သမီးလုပ်လိုက်တာလား.. တော်လိုက်တာ ကလေးရယ်.. မာမီအရမ်းဂုဏ်ယူနေပြီ"

Jennie က ကလေးရဲ့မျက်နှာပေါ် နောက်ထပ် အနမ်းတွေ ပေးလိုက်ပြီးမှ အောက်ပြန်ချလိုက်သည်။

သူတို့သုံးယောက် အောက်ထပ်ကို ပြန်ဆင်းကြရင်း Ella ရဲ့လက်သေးသေးလေးတွေက Jennie လက်ကို ဆုပ်ကိုင်ထားကာ သတိထားပြီ လှေကားဆင်း၏။ Jennie လို ခြေနှစ်ဖက်လုံးနဲ့ ဆင်းမယ့်အစား ညာဘက်ခြေထောက်လေးနဲ့ပဲ ဆင်းတာကြောင့် Jennie နဲ့ Jisoo မှာ ဒီကိစ္စတစ်ခုလုံးက ချစ်ဖို့ကောင်းနေတာကြောင့် ရယ်လိုက်ကြသည်။

သူတို့အောက်ထပ်ရောက်တာနဲ့ Ella က ကစားခန်းထဲ ပြေးဝင်ကာ Jennie ကတော့ Jisoo ကို အိမ်ရှေ့တံခါးအထိလိုက်ပို့သည်။

"နောက်နာရီဝက်နေရင် ဆံပင်ဆိုင်မှာ ချိန်းထားတာဆိုတော့ ငါ ပြေးသွားဖို့ လိုနေပြီ"
Jisoo က ပြောလိုက်ကာ ဖိနပ်ပြန်ဝတ်လိုက်သည်။
"ဒါပေမယ့် ဒီအကြောင်းကို နောက်မှ ငါတို့ စကားပြောမှရမယ်နော်"
Jisoo က အသံလေးနဲ့အော်လိုက်ကာ Jennie ပုခုံးကို ကိုင်ရင်း ရမ်းနေ၏။

I see who I wanna be (in my daughter'eyes) Where stories live. Discover now