0.3»»

843 91 0
                                    

[Unicode]

လူတွေဝင်ထွက်‌နေသည့် ကျောင်းရဲ့အတန်းရှေ့တွင် ထယ်ယောင်းတစ်ယောက် assignment အပ်ဖို့ စာရွက်လေးတွေကိုင်ကာ တစ်စုံတစ်ယောက်ကိုရပ်စောင့်နေသည်။

ထယ်ယောင်းစောင့်နေသောတစ်စုံတစ်ယောက်သည်က ငယ်ငယ်တည်းကပုခုံးဖက်ပေါင်းလာတဲ့ တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းလေးဖြစ်ပြီး ဒုက္ခ‌အပေးတတ်ဆုံးဖြစ်သည့် ဟာနူး ကိုသာဖြစ်သည်။

ထယ်ယောင်းက ကျောင်းကိုစောစောရောက်လာပေမယ့် ဟာနူးကတော့မရောက်သေး။
သူ့ကိုမစောင့်ရင် စိတ်ဆိုးတတ်သည်မို့ ထယ်ယောင်းတစ်ယောက် အတန်းရှေ့မှာသာ ပြန်သွား‌တဲ့သူတွေကိုရပ်ကြည့်နေရသည်။

"အရူးမက ခုချိန်ထိမလာသေးဘူးလားကွာ မစောင့်ရင်လည်းစိတ်ဆိုးအုံးမယ်"

လက်မှာပတ်ထားတဲ့ အညိုရောင် လက်ပတ်နာရီလေးကိုငုံ့ကြည့်လိုက်တော့ အတော်တောင်နောက်ကျနေ‌လေပြီ။

အမြန်အတန်းထဲက ဆရာမကိုလှမ်းကြည့်လိုက်တော့ file တွေကိုထပ်နေသည်။
ဆရာမလည်း မကြာခင်ပြန်တော့မည်။
မဖြစ်တော့ ထယ်ယောင်း ဖုန်းအမြန်ထုတ်လိုက်ကာ contact ထဲက ပထမဆုံး ဖုန်းနံပါတ်ကိုနှိပ်လိုက်သည်။

ဖုန်းက တဒူဒူနှင့်မကိုင်သေး......။

"အင်း ပြော ထယ်ယောင်း"

ဖုန်းပြန်ဖြေလာသည့်အသံသည် အသက်လုပြေးနေရသလို မောပန်းနေသည့်အသံနှင့်။

"အေး ဟာနူး မလာသေးဘူးလား ငါစောင့်နေတာကြာ‌နေပြီနော် သူများတွေပုံပြီးလို့ပြန်ကုန်ကြပြီ ငါတို့မမှီဖြစ်တော့မယ် မဟုတ်ရင်နောက်တစ်ပတ်မှတစ်ခါပြန်လာပုံရမှာနော် ဟာနူး"

အတန်း ပရောဂျက်ကို partner ခွဲသည်မှာ ထယ်ယောင်းကဟာနူးနဲ့ တစ်သင်းကျပြန်သည်လေ။
အမြဲတမ်းနောက်ကျတတ်တဲ့ ဟာနူးက assignment ထပ်ခါနီးတိုင်း ထယ်ယောင်းကို စိတ်ဒုက္ခပေးတတ်သည်။
ဟာနူးက သူရဲ့လက်စွဲတော် နောက်ကျတာကိုဘယ်တော့မှမပြောင်းလဲတတ် uni တက်သည်အထိ အပြေးအလွှားနှင့် ကျောင်းကိုလာတတ်သည်။

ပြန်မဖြေလာသည့်ဟာနူးကို ဖုန်းထဲကဆက်ကြိမ်းလိုက်သည်....။

"အင်းးး ဟာနူး ဒီနေ့မှမပုံဖြစ်ရင်တော့ နင်တွေ့မယ်"

Who Just Started‽ [✔︎]Where stories live. Discover now