1.7»»

772 95 17
                                    

[Unicode]

"ဟာနူး ကိုယ်ရောက်နေပြီ ဆင်းလာခဲ့တော့နော်"

Company ကိုသွားဖို့လာခေါ်တိုင်း အမြဲတမ်းအိမ်ရှေ့ကို ရောက်ရင် message ပဲပို့တတ်တဲ့ဂျောင်ကုက ဒီနေ့တော့ ထူးထူးဆန်းဆန်းဖုန်းဆက်လာသည်။

ဂျောင်ကုက ဖွင့်ပြောပြီးတဲ့နေ့ကစလို့ လူကိုပိုပိုသာသာတွေ လုပ်လာတတ်တာ ဟာနူးလည်းသတိထားမိပါသည်။

အသံခက်မာမာတွေနဲ့လည်း ဟာနူးကိုစကားမပြောမဆက်ဆံတော့သလို ခုလိုမျိုးပါလိုက်ဆက်ဆံနေတော့ ဟာနူးပိုအဆင်မပြေဖြစ်ရသည်။

နဂိုလို စူပုတ်ပြီးမခေါ်‌တာမှ ကောင်းအုံးမည်။

ဟာနူး သူ့ကိုသိပ်မတွေ့ချင်ပေမယ့်လည်း လုပ်နေတဲ့အလုပ်က သူ့အတွင်းရေးမှူးဖြစ်နေတော့ ဘယ်လိုမှမတတ်နိုင်။

အလုပ်မှမထွက်နိုင်တာ လုပ်ရမှာပဲ ဘယ်လိုပဲဖြစ်ဖြစ်။

"ဟုတ်ကဲ့ ကျွန်မဆင်းလာပါပြီ"

သူ့ကို ပြန်ဖြေပြီးတာနဲ့ ဖုန်းကိုအိတ်ထဲထည့်လိုက်ကာ ‌အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။

ဟားနူးအိမ်ထဲကထွက်လာတော့လည်း သူကနဂိုလို ကားထဲမှာပဲထိုင်စောင့်မနေ။
အပြင်ထွက်ရပ်ကာ ကားကိုမှီစောင့်နေသည်။

ဟာနူးထွက်လာတာကိုသတိမထားမိတဲ့ ဂျောင်ကုက ကားကိုမှီကာ ဖုန်းကိုပဲဆက်ကြည့်နေသည်။

"ဂျောင်...CEO  shi"

အမှတ်မရှိတဲ့ ပါးစပ်ကအမြဲတမ်း ယောင်ယောင်ပြီး သူ့နာမည်ကိုသွားသွားခေါ်တတ်တာကို ဟာနူးလည်းထိန်းချုပ်မရ။

ငယ်ငယ်တည်းက ခေါ်နေကျနာမည်က သူ့မျက်နှာကိုမြင်တာနဲ့ ခေါ်မိပြီးသား။

ဒါပေမယ့်
သူနဲ့ ခင်ခင်မင်မင်လည်းပြန်မနေတတ်တော့သလို မျက်နှာချင်းတောင်သေချာမဆိုင်နိုင်ဘဲ အလုပ်ကလွဲ စကားသိပ်မပြောတဲ့ အခြေအနေမှာ ဂျောင်ကုက ဟာနူးကိုမှတ်မိတယ်ဆိုလည်း နဂိုသူငယ်ချင်းတွေလို မနေချင်တော့။

သူလည်း ပြောင်းလဲ‌သွားပြီမလား။
ဒါမှ မဟုတ် ဟာနူးကပဲစိမ်းသွားသလား။
သေချာတာတော့ ဂျောင်ကုက ဟာနူးငယ်ငယ်ကသိခဲ့သလိုပုံစံ လုံးဝမဟုတ်တော့တာပဲ။

Who Just Started‽ [✔︎]Where stories live. Discover now