[Unicode]
"အိုမား သမီးကိုတောင်မမေးဘဲ ဒါကိုဘယ်လိုလုပ်ပြီး လက်ခံလိုက်ရတာလဲ"
ဟာနူးမယုံနိုင်စွာ တုန်ုတုန်ရီရီအသံဖြင့် အရှေ့ဘက်က ဆိုဖာခုံပေါ်ထိုင်နေတဲ့ အိုမားကိုမေးမိသည်။
အလုပ်ကပြန်ရောက်ရောက်ချင်း ကြားလိုက်ရတဲ့ စကားသည် နားများပင် ထူပူသွားကာ မျက်ခမ်းစပ်များပင်နီသည်အထိ ဟာနူးကို စိတ်တိုစေသည်။"အိုမားကိုစိတ်မဆိုးနဲ့သမီး သမီးအတွက် ဖြစ်သင့်တယ်ထင်တာကို အိုမား ရွေးချယ်လိုက်တာ"
"အိုမား! ဘယ်လိုမှမဖြစ်နိုင်ဘူးလို့သမီးပြောနေတယ်လေ"
"သမီး.... သမီးလည်း ဂျောင်ကု့ကိုသဘောကျခဲ့တယ်မလား"
အိုမားရဲ့ အမေးမှာ ဟာနူးပြန်ဖြေရန်ရပ်တန့်သွားမိသည်။
"အိုမား ဟိုတနေ့က သမီးရဲ့ ဒိုင်ယာရီစာအုပ်ကို မထင်မှတ်ပဲဖတ်ခဲ့မိတယ်သမီး ရက်စွဲတွေက ကြာခဲ့ပြီဆိုပေမယ့် သမီးသူ့ကိုသဘောကျခဲ့တာပဲမဟုတ်လား"
ဒိုင်ယာရီစာအုပ်?
ဟိုနေ့က အိုမားအခန်းရှင်းရင်းတွေ့ခဲ့တဲ့စာအုပ်။
အဲ့နေ့က ဘာမှတောင်သိပ်အာရုံမရဘဲ ဒီတိုင်း မှန်တင်ခုံပေါ်တင်ပြီး သေချာတောင်မကြည့်မိခဲ့သည့်ထိုစာအုပ်။
အိုမား အဲ့ဒီကစာတွေကိုတွေကိုတွေ့သွားခဲ့တာလား...။
"အိုမား!!"
ဟာနူးရဲ့အော်သံသည် အိမ်တစ်ခုလုံးကို ခပ်ကျယ်ကျယ်ပဲ့တင်ထပ်ကာပြန့်လွင့်သွားသည်။
"သမီးအခုဘယ်သူ့ကို ချစ်သလည်းဆိုတာအိုမားသိတယ်မဟုတ်လား အဲ့တာတောင်အိုမားက....."
"သမီးပြောတာထယ်ယောင်းလားသမီး သမီးတို့တွေ ပြီးသွားခဲ့ကြပြီပဲမဟုတ်လား"
"ဟင့်အင် မဟုတ်ဘူး အိုမား သမီးတို့တွေကြားလွဲမှားမှုတွေရှိသွားခဲ့တာ အဲ့ဒါကိုသမီးကပြန်ပြင်မှာမို့ အဲ့တာကြောင့်မို့...."
"သမီး ထယ်ယောင်းဆိုတာ ဦးနှောက်ကင်ဆာဖြစ်ပြီး ခွဲစိတ်ထားရတဲ့ကလေးနော်"

CITEȘTI
Who Just Started‽ [✔︎]
FanfictionAn oc fanfiction ဘယ်သူကစတင်လွဲမှားခဲ့တဲ့အမှားလည်း ကိုယ်မသိပေမယ့် ကိုယ်ကတော့ အမှားဆိုလည်း နောင်တမဲ့စွာ ဆက်ကျူးလွန်နေမိအုံးမှာပါ။ _jungkook Jungkook x Haneul(oc) x Taehyung Started[4.9.2021] Ended [14.3.2023] ⌫•only my creation and just imaginary ⌫...