1.9»»

847 93 8
                                    

[Unicode]

အဲ့နေ့ညက ဂျောင်ကု ဟာနူးကို ပိုင်စိုးပိုင်နင်းအပြုအမူတွေလုပ်ပြီး သူ့အပိုင်လို့ ဟာနူးသိအောင်ပြောခဲ့မိတယ်။

တစ်ချက်တစ်ချက်ပြန်တွေးမိရင် အဲ့လိုလုပ်ခဲ့တာကို နောင်တရမိပြီး နောင်တလည်းမရမိပြန်ဘူး။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဟာနူးက သူ့ကိုငြင်းနေမှာပဲမလား။

စောစောစီးစီးတည်းက အပိုင်လို့ ခေါင်းစဉ်တပ်ထားလိုက်တော့လည်း စောစောစီးစီးတည်းက ဘယ်သူမှဟာနူးအနားထပ်မကပ်ရဲတော့ဘူးပေါ့။

ဆွဲကြိုးပေးပြီး ဖွင့်ပြောခဲ့တဲ့နေ့ကလည်း သူ့ကိုလက်ခံဖို့နေနေသာသာ တစ်ခြားအကြောင်းအရာတွေကြောင့်ပါ စိတ်ဆိုးသွားတဲ့ ဟာနူးကို စိတ်ကျေနပ်အောင် သူ့မှာဘာပြန်လုပ်ပေးရမှန်းကိုမသိ တစ်ယောက်တည်းလမ်းတွေပျောက်နေခဲ့ရတာ။

ကိုယ့်ဆီလာခဲ့ပါလို့ ကောင်းကောင်းမွန်မွန်ပြောလည်း ကောင်မလေးက ဟုတ်ကဲ့လို့ခေါင်းငြိမ့်ပြီး ရင်ခွင်ထဲဝင်လာမယ့်သူမျိုးမှမဟုတ်တာ။

ဟုတ်တယ် ‌ကိုယ်နောင်တမရဘူး မင်းကိုယ့်ကိုကြောက်နေလောက်မှာသိပေမယ့် အကျပ်ကိုင်ရုံကလွဲ ကိုယ်လည်းမတတ်နိုင်ဘူး။

ပိုဆိုးတာက သူမမှာချစ်ရတဲ့သူရှိပြီးသား။

အင်းနာကျင်ရပေမယ့် ကိုယ်က ဗီလိန်ဖြစ်‌လိုက်တော့မှာမို့ မင်း ချစ်ရတဲ့သူနဲ့ကတော့ဘယ်လိုမှထပ်မဖြစ်နိုင်တော့ဘူး ထင်တယ်။
မဟုတ်ဘူး ဘယ်လိုမှကိုမဖြစ်နိုင်တော့တာ။

မလာချင်လည်းကိုယ့်ရင်ခွင်ထဲကိုပဲ မင်းလာရမှာ။

ကိုယ် လက်လွှတ်ဆုံးရှူံးခဲ့ရပေါင်းများပြီ။
အချစ်ဆုံးသူငယ်ချင်းဆိုတဲ့အရာ
ယုံကြည်မှုဆိုတဲ့အရာ
ပျော်ရွှင်မှုဆိုတဲ့အရာ
‌‌နွေးထွေးမှုဆိုတဲ့အရာ
အရာအားလုံးဆုံးရှုံးခဲ့ရပြီး အဲ့အရာတွေရဲ့ ဆန့်ကျင်ဘက်တွေကိုပဲ ကိုယ်လက်ခံထားခဲ့ရတာ။
မင်းကိုတော့ ကိုယ်ထပ်ပြီး လက်လွှတ်ဆုံးရှူံးခံဖို့မဖြစ်နိုင်တော့ဘူး။

ကိုယ်မပိုင်ခဲ့တဲ့ မင်းကို ကိုယ်တစ်ခြားသူဆီက ပြန်လုပါရစေ။

Who Just Started‽ [✔︎]Where stories live. Discover now