1.8»»

878 101 13
                                    

[Unicode]

"ဟယ်လို ပြီးပြီလား ဟာနူး ကိုယ်မင်းအိမ်ရှေ့ရောက်နေပြီ"

"ဟုတ်ကဲ့ ကျွန်မဆင်းလာပါပြီ"

ဖုန်းကိုချပြီးတာနဲ့ ဟာနူး ချွေးထွက်နေတဲ့မျက်နှာကို မှန်တင်ခုံရှေ့ပြန်ထိုင်ရင်း မိတ်ကပ်ခပ်ပါးပါး ပြန်ပုတ်ရသည်။

ပွဲတက်ဖို့သေချာပြင်ဆင်လာပါတဲ့။

သူ့ဘေးကလိုက်ရမယ့် အတွင်းရေးမှူးအနေနဲ့ နဂိုရုံးတက်သလို မျက်နှာနဲ့ဆို အဆင်မပြေလောက်မှာစိုးလို့ ဟာနူးနည်းနည်းတော့ပိုပြင်ဆင်ရသည်။

သူပို့ပေးထားတဲ့ အနီရောင်ရင်ပြတ်ဂါဝန်က ဒူးဖုံးရုံအထိရှည်ပြီး ကိုယ်ကြပ်အနေအထား ခန္ဓာကိုယ်ရဲ့ အလှကိုအတိအကျပေါ်လွင်စေတဲ့ blouse တစ်ထည်။

ဝတ်နေကျမဟုတ်တဲ့ အင်္ကျီကိုဝတ်ရတာ ဟာနူးအတွက် တကယ်ကိုအသက်ရှုဖို့ပင်အဆင်မပြေ။နေရခက်လွန်းသည်။

ဒါပေမယ့်လည်း သူကအဲ့ဝတ်စုံကိုဝယ်ပို့ပေးလိုက်တော့ ဟာနူးဘယ်လိုမှမတတ်နိုင် မဝတ်ချင်လည်းဝတ်ရပြန်သည်။

နောက်ဆုံးအနေနဲ့ မှန်ထဲတစ်ချက်ကြည့်ကာ အင်္ကျီရင်ဘတ်ကိုအပေါ် သေချာထပ်ဆွဲတင်လိုက်သည်။

အရမ်းများ ခန္ဓာကိုယ်ကပေါ်လွင်နေသလားမသိဘူး။
ဂျောင်ကုကလည်း ဘာစိတ်ကူးပေါက်ပြီး ဒီအင်္ကျီကိုမှ.....ကျစ်။
နေရခက်လိုက်တာ။

ဟာနူး ကိုယ့်ကိုကိုယ်မှန်ထဲသေချာကြည့်ပြီး ကြည့်ရအဆင်ပြေလောက်တဲ့အခါ ကုတင်ပေါ်တင်ထားတဲ့ ဂျောင်ကုပို့ပေးလိုက်သော အနီရောင်ရွှဲနေတဲ့ High Heels အသစ်စက်စက်ကို ဘူးထဲမှထုတ်လိုက်ကာ ပိုက်ဆံအိတ်နဲ့ရောကိုင်ပြီး အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။

"အိုမား...."

"အင်း သမီး သွားတော့မလား"

နောက်ဖေးဘက်က လှမ်းဖြေတဲ့အိုမားရဲ့အသံ

"ဟုတ် အိုမား သမီးသွားပြီနော်"

"အေးအေး‌သမီး ပြီးရင်အိမ်တန်းပြန်လာခဲ့နော် ညဘက်ကြီး တစ်ခြားမဝင်နဲ့တော့"

"ဟုတ်ကဲ့ပါအိုမားရဲ့ သွားပြီ"

ထိုင်ခုံပေါ်ထိုင်ကာ ဖိနပ်ဝတ်အပြီး ဟာနူးအိမ်တံခါးကိုဖွင့်ကာ အိမ်ရှေ့ကစောင့်နေသူဆီကိုဆင်းလာလိုက်သည်။

Who Just Started‽ [✔︎]Where stories live. Discover now