1.2»»

900 105 17
                                    

[Unicode]

တီတီ.....~

အိပ်ရာဘေးက စားပွဲခုံပေါ်တင်ထားတဲ့ နှိုးစက်နာရီကအသံကြောင့် ဟာနူး မျက်လုံးမဖွင့်ဘဲ လက်ကိုခုံပေါ်တစမ်းစမ်းဖြင့် နာရီကိုပိတ်လိုက်သည်။

*ဝှါးး~*

သမ်းဝေရင်း မျက်လုံးတစ်ဖက်ကိုလက်နဲ့ ခပ်ဖွဖွပွတ်ကာ နာရီကို ကြည့်လိုက်တော့ ၁၀ နာရီ....။

ဒီနေ့ကို ထူးထူးဆန်းဆန်း ခွင့်ရက်တစ်ရက်ပေးလိုက်တဲ့ CEO ကြီး ဂျွန်ဂျောင်ကုကြောင့် ဟာနူးပိတ်ရက်ကိုအပြည့်အဝခံစားကာ အများကြီးအိပ်လိုက်မိသည်။

အခုတော့ ပိတ်ရက်မှာသွားစရာရှိသည့်နေရာတစ်ခုရှိတာကြောင့် ဟာနူးအိပ်ရာပေါ်မှထလိုက်ကာ ဆံပင်ကို စားပွဲပေါ်က ခေါင်းစည်းကြိုးအညိုရောင်လေးကိုယူလိုက်ပြီး ခပ်ပွပွဖြစ်နေတဲ့ ဆံပင်တွေကို စုစည်းလိုက်သည်။
ထို့နောက် အိပ်ရာကို သပ်သပ်ရပ်ရပ်ခေါက်သိမ်းကာ ရေချိုးခန်းဘက်ကိုသွားလိုက်သည်။

~တောင်~

မျက်နှာသစ်အပြီး ရေချိုးခန်းထဲကနေမျက်နှာသုတ်ရင်းထွက်လာတုန်း ကြားလိုက်ရတဲ့ message အသံကြောင့် ဟာနူးမှန်တင်ခုံပေါ်တင်ထားတဲ့ ဖုန်းဆီကိုလျှောက်လာလိုက်ပြီး ဖုန်းကိုကြည့်လိုက်တော့

*မမဟာနူး ဒီနေ့လာမှာမလား*

ဦးလေးကန်ရဲ့သမီး ဂျီယာလေးဆီက message ကိုဖတ်လိုက်ကာ ဟာနူးတစ်ချက်ပြုံးလိုက်သည်။

ဒီကလေးမ ညကလည်း ဖုန်းလှမ်းဆက်သေးသည်။
ခုလည်း မလာမှာစိုးလို့ ထပ်မေးနေပြန်ပြီ။
ဟာနူးက ဂျီယာလေးတို့ဆီ နဂိုကမကြာမကြာ လာလည်ဖြစ်ပြီး ဂျီယာသေးသေးလေးတည်းကဟာနူးနဲ့ သိတာကြောင့် ဟာနူးကိုဂျီယာလေးက အလွန်ခင်ရှာသည်။
ခုနောက်ပိုင်း အလုပ်ဝင်ပြီးတည်းက ဦးလေးကန်တို့ မိသားစုဆီ အလည်မလာဖြစ်တော့တာ အတော်ကြာပြီမို့ ဂျီယာလေးတို့နဲ့ မတွေ့ရတာတောင် အတော်ကြာပြီဖြစ်သည်။

Who Just Started‽ [✔︎]Donde viven las historias. Descúbrelo ahora