0.8»»

744 87 15
                                    

[Unicode]

ထယ်ယောင်းရဲ့ နေ့စဉ် လုပ်နေကြအလုပ်တွေထဲကတစ်ခုဖြစ်တဲ့ ဟာနူးကိုရုံးလိုက်ပို့ရန် ဒီနေ့လည်း ကားကိုပုံမှန်အရှိန်ဖြင့် ခပ်စောစောထွက်လာလိုက်သည်။

သူမအိမ်ရှေ့ကိုရောက်တော့ ထယ်ယောင်းဖုန်းကိုထုတ်လိုက်ကာ တစ်ဖက်ကဖုန်းအဝင်ကိုစောင့်နေလိုက်သည်။

"ဟယ်လို ဟာနူးကိုယ်ရောက်နေပြီ"

"အင်း ခုဆင်းလာပြီနော် ထယ်"

ဖုန်းပြောပြီး ခဏကြာတာနဲ့ အိမ်ထဲကထွက်လာတဲ့အနက်ရောင် High heels လေးနဲ့ ဟာနူးဟာ နဂိုအမြဲတန်း မြင်နေကျပုံစံလေးအတိုင်းပဲ ရုံး uniform ကိုသေချာစွာဝတ်ဆင်ထားကာ ပုံမှန်အတိုင်းလေးပဲ လိမ်းချယ်ထားပေမယ့် ဒီနေ့မှ အများကြီးပိုလှနေသလိုလို....။

ဟင်းး ဒီကောင်မလေးလှလာလိုက်တာ စိတ်တောင်မချချင်တော့ဘူး~

ကားကိုမှီကာထွက်စောင့်နေတဲ့ ထယ်ယောင်းဟာ သူ့ဆီဟာနူးလျှောက်လာတဲ့တစ်လျှောက်လုံး သေချာစွာလိုက်ကြည့်နေမိကာ ဟာနူးသူ့အရှေ့ကိုရောက်သည်အထိလည်း ထိုအတိုင်းသာရပ်ကြည့်နေသည်မို့ ဟာနူး ထယ်ယောင်းရဲ့မျက်နှာရှေ့လက်တစ်ဖက်အသာရမ်းလိုက်ကာ...

"ထယ် သွားကြမယ်လေ"

"အင်း"

ထယ်ယောင်းက ပြုံးပြီးခေါင်းတစ်ချက်ငြိမ့်ပြကာ ကားတံခါးကို ဖွင့်ပေးလာသည်။
ဟာနူးလည်း ထယ်ဖွင့်ပေးတဲ့ကားထဲ ပြုံးကာဝင်ထိုင်လိုက်သည်။

ခဏကြာအောင်မောင်းလာပြီး အနည်းငယ်ကြာတော့ ဟာနူးအလုပ်လုပ်တဲ့ J company ရှေ့ရောက်သည်။
ကားအပြင်ထွက်ခါနီးသူမကို ထယ်ယောင်းအမှီစကားတစ်ခွန်းပြောလိုက်သည်။

"ညနေကျလည်း ကိုယ်လာကြိုမှာ စောင့်နေနော် ဟာနူး"

"အင်းပါထယ်ရဲ့ သွားပြီနော် ချစ်တယ်"

"ကိုယ်က ပိုချစ်တယ်"

ပိုချစ်တယ်ပြောလိုက်တော့ မျက်စောင်းလေးထိုးလာတဲ့ ဟာနူးဟာ ဂင်မ်ထယ်ယောင်း တစ်ကယ်ကိုမြတ်နိုးချစ်ခင်ရတဲ့ အချစ်ဦးမိန်းကလေး....။

Who Just Started‽ [✔︎]Where stories live. Discover now