2.7»»

831 103 26
                                    

[Unicode]

"ဂျွန်ဟာနူး ဆင်းလေ"

မင်္ဂလာဦး အိမ်ကိုအရောက် ဂျောင်ကုကားပေါ်ကဆင်းကာ တစ်ဖက်က ဟာနူးဘက်ခြမ်းသို့လျှောက်သွားပြီး ကားတံခါးကိုဖွင့်ပေးလိုက်ပေမယ့် ဆင်းမလာတဲ့ ဒီအူတူတူရုပ်ကလေးကို ဂျောင်ကုဆွဲချီပြီး အိမ်ထဲကိုပွေ့ခေါ်သွားလိုက်ချင်ပေမယ့် စိတ်ဆိုးသွားမှာစိုးတာကြောင့် ဒီတိုင်းဆင်းရန်သာ အသံပေးလိုက်ရသည်။

သူ့အသံကိုကြားပေမယ့် မော့မကြည့်လာပဲ သူမရဲ့ ရှည်လျားလွန်းတဲ့ ဂါဝန်အဖြူရောင်ကြီးကိုပဲမကာ ကားအပြင်ကို ထွက်ရန်လုပ်နေပေမယ့် ဂါဝန်က လေးပြီး ထွက်မရဖြစ်နေမှန်းဂျောင်ကုသိလိုက်ပါသည်။
ဂျောင်ကု တစ်ချက်ပြုံးလိုက်ပြီး စိတ်လိုလက်ရ ကောက်ပွေ့လိုက်သည် ဆိုရင်ဖြင့် တချိန်လုံး တစ်ချက်ကလေးတောင် သူ့ကိုမကြည့်တဲ့သူမက အလန့်တကြားလေးမော့ကြည့်လာတော့သည်။

"ကျွန်မဘာသာလျှောက်မယ် ရှင်ခုချပေး"

ဂျောင်ကု စူပုတ်ပုတ်နဲ့သူ့လက်ထဲက အဖြူလုံးလေးကိုသဘောကျတာမို့ ထပ်ပြုံးလိုက်မိသည်။
ပြီးတာနဲ့ ဘာမှမပြောဘဲ အိမ်ထဲကိုသာပွေ့လျက်ခေါ်လာလိုက်သည်။

"ဂျွန်ဂျောင်ကု ချပေးလို့ပြောနေတယ်နော်"

ပြောလည်းပြော ရုန်းလည်းရုန်းနဲ့ သူမကအတော်လေးစိတ်ဆိုးနေပြီပင်။

"......"

တစ်လမ်းလုံးချပေးဖို့ပြောနေပါသော်လည်း လူကိုလုံးဝဂရုမစိုက်ကာ ရုန်းနေသော်လည်း ခိုင်မာလှသည့်လက်အကြီးကြီးတွေက နည်းနည်းတောင်ပြေမသွားပေး။
ဟာနူး ပို၍စိတ်တိုလာကာပိုရုန်းမိသည်။

"ချပေးလို့!"

လှေကားပေါ်တက်နေတာကိုပင် ဂရုမစိုက်ပဲ ရုန်းနေတဲ့ လက်ထဲကပိစိကို ဂျောင်ကု တစ်ချက်တော့ငေါက်မှ ဖြစ်တော့မည်မို့ သူမကိုယ်လေးအား အနည်းငယ်ပိုတင်းကြပ်စွာ ပိုက်လိုက်ပြီး မျက်မှောင်ကြုံ့ကာ ငုံ့ကြည့်လိုက်သည်။

Who Just Started‽ [✔︎]Where stories live. Discover now