2.2»»

880 93 40
                                    

[Unicode]

"ကဲ လူစုံပြီထင်တယ် အားလုံးပဲ"

ဟဲအင်ရဲ့အမေးကို ဟာနူးကြားပေမယ့်ပြန်မဖြေမိ။
အများကြီးတော့မဟုတ်ပေမယ့် ဟာနူး ခေါင်းနည်းနည်းမကောင်းချင်။
နေသိပ်မကောင်းချင်ဘူးထင်တယ်။
ဆိုးလိုက်တာ ခရီးထွက်လာတာကို နေမကောင်းကဖြစ်ရသေးတယ်။

"ဟမ် ဒါဆို ဘယ်လိုလုပ်မလဲဟင်"

ဘေးနားက ဂျီယာက စိတ်ညစ်သလို ညီူးညူသံကိုကြားတော့မှ ဟာနူး အာရုံပြန်ရကာ စကားတွေ တစ်ယောက်တစ်ပေါက်နဲ့ Company ကဝန်ထမ်းတွေ စုရပ်နေကြတဲ့ဘက်ကို လှမ်းကြည့်လိုက်သည်။
ဟာနူးက သူတို့နဲ့ ခပ်လှမ်းလှမ်းလောက်မှာ ရပ်နေတာမို့ သူတို့ပြောနေတာတွေလည်း သေချာမကြားလိုက်။
အခုဏက ဟဲအင်ရှီးတို့ ဘာတွေပြောနေကြတာပါလိမ့်။

"ဒါဆို ဘယ်လိုလုပ်ကြမလဲ ဖျက်လိုက်ရမှာလား"

ဘာဖြစ်နေကြမှန်းသိရအောင် ဟာနူး ဂျီယာ့ကိုသာမေးရန် ပြင်လိုက်သည်။

"ဂျီယာ"

ဘေးနားက ပွစိပွစိနဲ့ စူပုတ်နေတဲ့ ဂျီယာက ဟာနူးခေါ်လိုက်တော့ လှည့်ကြည့်လာသည်။

"ဟုတ်မမ ဟာနူး"

"ခုနက ဘာတွေပြောနေကြတာလဲဟင် ဘာဖြစ်လို့လဲ"

မေးလိုက်တော့ သူမနဲ့ ခြေနှစ်လှမ်းလောက်အကွာက ဟာနူးဆီကို ဘောက်ဆတ်ဆတ်လျှောက်လာကာ စူပုတ်ပုတ်နဲ့ဆိုလာသည်။

"ခုကျွန်းကိုလိုက်ပို့ပေးမယ့် ခရီးသွား Bus က စက်ချို့ယွင်းမှုဖြစ်လို့ လာလို့မရတော့ဘူးတဲ့ မမရဲ့ ကျွန်းကိုရောက်ဖို့ဆို နာရီဝက်လောက် ကားထပ်မောင်းသွားရမှာကို ဟင်း"

ဟာနူးတို့ တည်းတဲ့ Hotel ကဂျယ်ဂျူမှာပေမယ့် ကျွန်းပေါ်မှာတော့မဟုတ်။
အကုန်လုံး ကျွန်းကိုရောက်ဖို့ အနည်းငယ်လိုသေးတဲ့ ခပ်လှမ်းလှမ်းက Hotel မှာတည်းကြတာပင်။
တည်းတယ်ဆိုတာထက် Company က ခရီးထွက်လာတဲ့ ဟာနူးတို့ဝန်ထမ်းတွေအကုန်လုံးကို အစတည်းက ဒီ Hotel မှာပဲစီစဉ်ပေးထားတာ။
ကျွန်းကို သွားဖို့ Bus ပြင်ဆင်ထားပေမယ့် ခုတော့ ကားကမလာဖြစ်တော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမှာလဲ။
၂ ရက်ပဲနေရမှာ
နည်းနည်းလောက်ဖြစ်ဖြစ်တော့ လျှောက်လည်ချင်သေးတာကို။

Who Just Started‽ [✔︎]Where stories live. Discover now