1.5 [1]»»

732 91 2
                                    

[Unicode]

လာခေါ်မယ်လို့ ထယ်မနေ့ကပြောထားတာမို့ ဟာနူး စောစောထကာပြင်ဆင်ရင်း ထယ့်ဖုန်းကိုစောင့်နေမိသည်။

စောင့်နေတုန်းမှာပဲဖုန်းဝင်လာလို့ စားပွဲခုံပေါ်က ဖုန်းကိုယူလိုက်ကာ ဟာနူးအမြန်ကိုင်လိုက်သည်။

"ဟယ်လို ဟာနူး ကိုယ်လာခေါ်တော့မယ်နော် ခဏစောင့်.....
သားမင်းအပြင်သွားလို့မရသေးဘူးလေ"

ဟာနူးနဲ့ဖုန်းပြောနေတုန်း အိုမားကအခန်းထဲကိုဝင်လာကာ အနောက်ဘက်က နေလှမ်းပြောသည်။

"ဟာ အိုမား....."

ထယ်ယောင်းဖုန်းအသံနေရာကို လက်ဖြင့်အမြန်ပိတ်လိုက်ရသည်။

အိုမားက ထယ်ယောင်းအပြင်ထွက်ဖို့ကို သဘောမတူဟန်နဲ့ ထယ်ယောင်းကိုဆက်ကြည့်နေပြန်သည်။

"အိုမားကို ကျွန်တော် ပြောထားပြီးသားလေ အိုမား"

ထယ်ယောင်း ရှုပ်ထွေးထွေးမျက်နှာထားနဲ့ အိုမားကိုလှည့်ကာပြောလိုက်သည်။

တစ်မိနစ်လောက်ကြာတော့
အိုမားက သက်ပြင်းတစ်ချက် ခပ်ဖွဖွချကာ အခန်းအပြင်ပြန်ထွက်သွားသည်။

တံခါးပြန်ပိတ်သံကြားတာနဲ့ ထယ်ယောင်း ဖုန်းကိုအမြန်ပြန်ကိုင်လိုက်သည်။

အိုမားအသံကို ဟာနူးကြားသွားပြီလားမသိပါ။

"ဟယ်လို ထယ်..."

ဟာနူးခေါ်နေပေမယ့် ထယ့်ဘက်ကပြန်ထူးမလာ။
အခုနက ဘာလဲ အန်တီ့အသံမဟုတ်လား။ ဟာနူးနဲ့ဖုန်းပြောနေရင်း အနောက်ဖက်က ထယ့်အိုမားက ထယ့်ကိုအပြင်မသွားဖို့ပြောနေတာမလား။
ဘာဖြစ်လို့ပါလိမ့်။

"ဟယ်လိုထယ်..."

ထယ်ယောင်း တွေဝေမနေတော့ဘဲ ဖုန်းထဲကအသံငယ်ကို မရဲတရဲနဲ့ အမြန်တုန့်ပြန်လိုက်သည်။

"ဟယ် ဟယ်လို ဟာနူးကိုယ်ခု လာခေါ်ပြီစောင့်နေနော် ဒါပဲနော်ကိုယ်ချပြီ"

"ထယ်..."

ဟာနူးဘာဆိုဘာမှ မပြောလိုက်ရသေး
ထယ်ကဖုန်းချသွားလေပြီ။
ထယ့်ဆီမှာ ဘာတွေဖြစ်နေတာလည်း......။

Who Just Started‽ [✔︎]حيث تعيش القصص. اكتشف الآن