0.4»»

762 90 6
                                    

[Unicode]

အချိန်တွေ တရွေ့ရွေ့ကုန်လာသည်နှင့် ဟာနူးနှင့်ထယ်ယောင်းလည်း တစ်နှစ်ထပ်တက်ပြီးလျှင် uni ပြီးတော့မည်။

ကျောင်းတွင် ထယ်ယောင်းနဲ့နေ့တိုင်းစနောက်ကာ ဖြတ်သန်းလာရသောကျောင်းသူဘဝသည် ကျောင်းပိတ်သွားသည့်အခါအိမ်တွင် အိုမားကိုအလုပ်ကူလုပ်ပြီးလျှင် လုပ်စရာအလုပ်မရှိတော့သောကြောင့် တစ်ယောက်တည်း ပျင်းခြောက်ခြောက်နှင့်။

"ဟင်းး ပျင်းလိုက်တာ ထယ်ယောင်းငါ့ကိုအပြင်လာခေါ်ရင်ကောင်းမယ်"

အိမ်မှာမို့ မပြင်မဆင်ထားသည့်ဟာနူးသည် ခါးအလယ်လောက်ရှိသောဆံပင်ကို ဖြစ်သလိုစုထုံးထားကာ T shirt အပွဘောင်းဘီအပွကြီးနှင့် TV ရှေ့မုန့်ထိုင်စားရင်းညည်းသည်။

သူမထိုသို့ညည်းနေချိန် စားပွဲပေါ်တင်ထားသောဖုန်းသည် အသံထမြည်သည်နှင့် သူမထယ်ယောင်းဖြစ်လိုဖြစ်ငြား အမြန်ထကာကောက်ကိုင်လိုက်သည်။

ဟာနူးဖုန်း contact ကိုကြည့်လိုက်တော့ ထယ်ယောင်းဖြစ်နေတာကြောင့် စူပုတ်နေသောဟာနူးမျက်နှာသည် အပြုံးဘက်သို့ပြောင်းသွားကာ တက်တက်ကြွကြွပင်ဖုန်းကိုကိုင်လိုက်သည်။

"အင်း ထယ်ယောင်းပြော"

"ဟာနူး နင်အခုဘာလုပ်နေလဲ"

"ငါ ဘာမှမလုပ်ပါဘူး ဒီတိုင်းပျင်းလို့ထိုင်နေတာ ကျောင်းပိတ်တာငါအရမ်းပျင်းတာပဲ"

"ဒါဆိုဟာနူး ညနေကျအပြင်သွားရအောင် ငါလိုက်ပို့စရာရှိတယ် နောက်ပြီး ငါ...ငါနင့်ကိုပြောစရာလည်းရှိလို့"

ပြောစရာ....
ပြောစရာရှိလို့တဲ့ ထယ်ယောင်းက
ဟာနူးကိုအပြင်ခေါ်ကာပြောရမည့် စကားကဘာများမို့....

"ထယ်ယောင်းရယ် နင်ဟာလေ အခုပြောလည်းရနေတာဘာပြောမှာမို့လို့လဲ"

"အဲ့တာက ငါ ငါညနေကျမှပြောပါမယ်ဆို ဟာနူးကလည်း နင်သာအဆင်သင့်ပြင်ထား"

"‌‌‌အေးပါ ဟုတ်ပါပြီ ဒါနဲ့ နင်လာခေါ်မှာလား"

"အေးငါလာခေါ်မယ် ၄ နာရီလောက်ကျ ‌သေချာ အဆင်သင့်ပြင်​ပြီးစောင့်နေနော် ဟာနူး"

Who Just Started‽ [✔︎]Donde viven las historias. Descúbrelo ahora