3.0//

1K 93 28
                                    

.
.
.
.

Song recommended to .....
[ You are my garden ] by Jung Eunji
ဂျူရေးတုန်းက အဲ့သီချင်းနားထောင်ပြီးရေးခဲ့တာပါ သွား download ပြီးဖြစ်ဖြစ် Loop လုပ်ပြီးနားထောင်ရင်းဖတ်ကြည့်ကြည့်ပါနော် 😽🤍

[Unicode]

{ခြောက်နှစ်ကြာပြီးနောက်}

အချိန်များသည် စက္ကန့်များမှ မိနစ် ၊ မိနစ်များမှ နာရီ ၊ နာရီများမှ ရက် ၊ ရက်များမှ လ နှင့် လများမှ နှစ်သို့ ဟူ၍ တရွေ့ရွေ့နှင့် မည်သူတစ်ဦးတစ်‌ယောက်ကိုမျှမစောင့်ဆိုင်းဘဲ ပုံမှန်အတိုင်းလည်ပတ်ရင်း အချိန်နဲ့အညီအရာရာဟာလည်းပြောင်းလဲလာခဲ့သည်။

တစ်စုံတစ်ယောက်ကိုအမုန်းကြိုးထုံး‌တွေ ပစ်ပစ်ခါခါခပ်တင်းတင်း ရစ်ချည်ပစ် ၊ ထုံးပစ်ခဲ့တဲ့သူမဟာလည်း အချိန်တစ်ခုအကြာမှာတော့ တစ်ဖက်ကမေတ္တာကြိုးတွေဟာအားပြင်းပြင်းလာရောက်ရောနှောရစ်ပတ်လာတဲ့အခါ ထိုအမုန်းကြိုးထုံးတွေဟာလည်း တဖြေးဖြေးချင်းဆွေးမြေ့ရင်း ဆွေးမြေ့လာကာမခိုင်မာတော့ပါ။
နောက်ထပ်သောတစ်စုံတစ်ယောက်ကို ချစ်သောစိတ်များကလည်း မဖြစ်သင့်တော့တာမို့ သူမအတတ်နိုင်ဆုံးမေ့ထားခဲ့ပါပြီ။
မိသားစုဆိုတဲ့အရာကို ဘယ်လိုပဲဖြစ်ဖြစ်ပိုင်ဆိုင်လာရတဲ့အခါ သူမရင့်ကျက်လာခဲ့ပါပြီ။
ခင်ပွန်းဖြစ်သူဟာ သူမလက်ခံနိုင်တာထက်ပိုလောက်တဲ့အထိတိုင်အောင် အလွန်အကျူးမေတ္တာတွေပေးခဲ့တာပဲမဟုတ်လား။
သူမဟာသူ့‌မေတ္တာတွေကို အမြဲငြင်းဆန်ကာ တဆွတ်ထိုးဆန် ၊ ဆိုးနေခဲ့သော်လည်း ထိုသူဟာအမြဲအပြုံးမပြတ်စိတ်မဆိုးပြကာပိုချစ်‌ပြ‌နေလေတော့ ဒီလူဟာ စိတ်ရောဆိုးတတ်ရဲ့လားလို့တွေးမိလောက်အောင်အထိ ထိုသူဟာ သူမကိုက‌လေးပမာ ခေါင်းမာမာ ရင်ဝယ်ပိုက်ထားပြီးချစ်ပြခဲ့ပါသည်။
များပြားလွန်းတဲ့ ထိုသူရဲ့ မေတ္တာတွေကိုသူမ လက်မခံရင်တောင် ငြင်းပယ်နေတာတွေကိုရပ်ပစ်လိုက်တာ အတော်ကြာခဲ့ပါပြီ။

သူမတစ်ခုပဲ မသိစိတ်လေးကတော့တိတ်တခိုး တစ်စုံတစ်ယောက်အတွက် ဆုတောင်းပေးနေခဲ့မိတယ်။
သူလည်း သူ့မိသားစုလေးနဲ့ ပျော်ရွှင်နေပါစေလို့လေ။
သူမကို ကစားခဲ့ရင်တောင် ၊ သူမနှလုံးသားကို‌ရှေ့တင်လှန်ချွန်ချွန်နဲ့ထိုးချသွားခဲ့တာဆိုရင်တောင် သူမဟာ ထိုသူကိုစိတ်ဆိုးမိရုံကလွဲ မမုန်းနိုင်ခဲ့ပါဘူးလေ။
သစ္စာမဲ့တဲ့သူပေမယ့် မမုန်းပစ်နိုင်တဲ့အခါ သူမ ထိုသူကိုထပ်မတွေ့ချင်တော့တာကြောင့် မဟုတ်သေးဘူး ထပ်မတွေ့နိုင်တော့တာကြောင့် Paris မှာ မပိုင်ဆိုင်နိုင်တဲ့သူကိုရှောင်ဖို့ ၊ ဆိုင်သူတွေနဲ့အတူ အခြေချနေခဲ့တာ ၃ နှစ်ပင်ရှိခဲ့ပါပြီ။

Who Just Started‽ [✔︎]Where stories live. Discover now