2.9»»

769 83 17
                                    

(All the photos from this chapter are not mine and give full credit to the right owners)
.
.
.
.
.
.
.
Sorry for late and enjoy!

[Unicode]

တည်းမဲ့ Hotel ရှေ့အရောက်ရပ်ပေးလာတဲ့ကားကြောင့် ဂျောင်ကုကားတံခါးလာဖွင့်ပေးအပြီးမှာ အဆင်သင့်ထွက်လာတဲ့ ဟာနူးဟာ ခပ်စူပုတ်ပုတ်နှင့်။ဟာနူးကားထဲကထွက်ထွက်လာချင်းပဲ ဝေ့တိုက်သွားတဲ့ ဆောင်းလေသည်အရှိန်နဲ့အဟုန်နဲ့။ထိုလေထုထဲ နှင်းမှုန်များကပါ ရောနှောနေလေတော့ အေး...

Rất tiếc! Hình ảnh này không tuân theo hướng dẫn nội dung. Để tiếp tục đăng tải, vui lòng xóa hoặc tải lên một hình ảnh khác.

တည်းမဲ့ Hotel ရှေ့အရောက်ရပ်ပေးလာတဲ့ကားကြောင့် ဂျောင်ကုကားတံခါးလာဖွင့်ပေးအပြီးမှာ အဆင်သင့်ထွက်လာတဲ့ ဟာနူးဟာ ခပ်စူပုတ်ပုတ်နှင့်။
ဟာနူးကားထဲကထွက်ထွက်လာချင်းပဲ ဝေ့တိုက်သွားတဲ့ ဆောင်းလေသည်အရှိန်နဲ့အဟုန်နဲ့။
ထိုလေထုထဲ နှင်းမှုန်များကပါ ရောနှောနေလေတော့ အေးခဲမှုသည် ဒီဂရီရဲ့အနုတ်အောက်ဘယ်လောက်တောင်ရောက်နေသလည်း တိုင်းတာကြည့်နေစရာပင်မလို။
ကိုရီးယားမှာထက်ပင်အဆများစွာပိုအေးနေသော ဆွစ်ဇလန်နိုင်ငံ၏အအေးနှုန်းသည် ဒီနှစ်မှာပင် ပိုအေးနေသည်ဟုသိရသည်။

"အားးးး အေးလို့သေတော့မှာပဲ"

"ဂျွန်ဟာနူး~"

အေးစက်နေတဲ့လေထုထဲ ခပ်နွေးနွေးတိုးဝေ့လာတဲ့ ထိုအသံကို ဟာနူးကြားပေမယ့် မကြားချင်ယောင်ဆောင်ကာ ခဲနေတဲ့လက်နှစ်ဖက်ကို အအေးသက်သာအောင် လက်အချင်းချင်းဖိကာပွတ်ရင်း ပတ်ဝန်းကျင်ကိုလိုက်လေ့လာနေမိသည်။

ဟိုတယ်အရှေ့ကိုရောက်နေပြီပေမယ့် အိတ်တွေထုတ်နေတဲ့ ဂျွန်ဂျောင်ကုကို ရပ်စောင့်ရင်း ခရစ္စမတ်အတွက်ပြင်ဆင်ထားတဲ့ တမြို့လုံးရဲ့အဖြူရောင်နဲ့ အနီရောင်ရောနှောနေတဲ့ အပြင်အဆင်တွေရယ် ၊ တလက်လက်တောက်ပနေတဲ့ မီးရောင်တွေနဲ့ ခုရောက်နေတဲ့ဒီဟိုတယ်သည် အလွန်ပင်ကြီးကျယ်ခမ်းနားကာ တကယ်ပင်လှပသည်။
ဂျောင်ကုအဖေသည် တကယ့်နေရာကြီးကိုရွေးကာ Booking လုပ်ပေးထားတာပင်။

Who Just Started‽ [✔︎]Nơi câu chuyện tồn tại. Hãy khám phá bây giờ