1.5 [2]»»

768 98 10
                                    

[Unicode]

ကြယ်လေးတွေကလည်း တလက်လက်တောက်ပလို့ လပြည့်ညမို့ ဝိုင်းစက်ဝင်းထိန်နေတဲ့ လမင်းကြီးနဲ့ ကောင်းကင်ဟာလုံးဝကို လှပခြင်းအဆင်းတွေနဲ့ ပနံသင့်နေခဲ့တယ်။

အဲ့လို ရှုခင်းလေးရအောင်လည်း ဟာနူးကပဲ သူမငယ်ငယ်ကကျွန်တော့အတွက် ဆွဲပေးခဲ့တဲ့ design ထဲမှာထည့်ဆွဲပေးခဲ့တာလေ။

ပြောရရင် ဒီ Hotel တစ်ခုလုံးက သူမလက်ရာတွေချည်းပါပဲ။
ကျွန်တော်ကအကောင်အထည်ဖော်ပြီးပြန်ဆောက်ပေးထားရုံလောက်ပဲ။

ဒီလိုနေရာမျိုး ဒီလိုအချိန်မျိုးက ချစ်သူရည်းစားတွေ Proposed လုပ်တာတို့ လက်ထပ်ခွင့်တောင်းတာတွေတို့မှာ အရမ်းကိုအဆင်ပြေမယ့် နေရာမျိုးလေးပေါ့။

အဟင်း အဲ့လိုနေရာမျိုးလေးမှာပဲ ကျွန်တော်လဲသူမကို ပြောစရာရှိတယ်ဆိုတဲ့ စကားကိုပြောမှာပါ။

အခုတော့ မပြောခင်လေး ခဏလောက် အချိန်ဆွဲပါရစေ။

"ဟာနူး"

"အင်းထယ်ပြောလေ"

ပြုံးပြပြီး ပြန်ထူးလာတဲ့ဟာနူးကို ထယ် တစ်ချက်ပြုံးပြလိုက်ကာ

"ပြီးမှ ပြောမယ် ခုမှာထားတာတွေ အရင်စားကြရအောင်"

"အင်း ထယ်ကကြိုပြင်ဆင်ထားတာပဲ အဆင်သင့်တောင်ရှိနေပြီသား ဝါး ထယ် ဟာနူးအကြိုက်တွေချည်းပဲ"

စားပွဲထိုးက စားစရာတွေ တစ်ခုပြီးတစ်ခုချပေးလာတဲ့အခါ တအံ့တဩနဲ့ ပြုံးပျော်နေတဲ့ ကလေးလေးလိုဟာနူး။

အဲ့လိုလေးပဲ ဟာနူး အမြဲတမ်းပြုံးနေပေးရင် ကောင်းမှာ...။

တစ်ခုပြီးတစ်ခု အရသာရှိရှိစားပေးနေတဲ့ ဟာနူးက
အစာစားချိန်ဆို ဘယ်တော့မှ ဟန်ဆောင်မှုမရှိပဲ အမြဲတမ်းကလေးလေး တစ်ယောက်လိုပြုမူစားသောက်တတ်သည်။

ကျွန်တော် ဟာနူးကိုမြတ်နိုးရတဲ့ နောက်ထပ်အချက်လေးတစ်ချက်ပေါ့။

Who Just Started‽ [✔︎]Onde histórias criam vida. Descubra agora