801 80 4
                                    

[Unicode]

"ကုကုကျောင်းမတက်ချင်ဘူး အာပါး"

မူကြိုကျောင်းအရှေ့က ကျောင်းခြံတံခါးဝရောက်ခါမှ အဖေ‌‌ခြေထောက်ကိုပြန်ဖက်ကာ မသွားချင်ဘူးတညံညံနဲ့ ဂျီကျနေသောထိုကလေးလေးသည် ၅ နှစ်အရွယ် ၊ ပိစိပစယုန်ပေါက်ကလေးလိုပင် ဖြူဖြူအုအုလုံးလုံးကလေးနှင့် ချစ်စရာသိပ်ကောင်းသည်။

"သားဂျောင်ကု အဲ့လိုမဆိုးနေနဲ့ကွာ အာပါး အလုပ်သွားရအုံးမယ်လေ"

"ကုကု စာမလုပ်ချင်ဘူးလို့"

"အဲ့တာက ကျောင်းနဲ့မတူဘူး သားရဲ့ မူကြိုလို့ခေါ်တယ် မူကြိုက စာအများကြီးမသင်ရဘူး‌ အမြဲသူငယ်ချင်းတွေနဲ့ဆော့နေရတာ သား ပျော်မှာပါ"

"ကုကုမှာသူငယ်ချင်းလည်းမရှိဘူးလေ သူငယ်ချင်းနဲ့ ဘယ်လိုဆော့ရမှာလဲမသွားချင်ဘူး အာပါးအိမ်ပြန်မယ် ကုကုကိုပြန်ခေါ်ပါ"

မျက်ရည်ဘူးသီးလုံးလောက်ကျနေသော ထိုကလေးသည် စာလုပ်ရမှာကိုလုံးဝအကြောက်အကန် လုံးဝလုံးဝမကြိုက်။
စာအရေးအဖတ်လောက်လေးပဲတတ်အောင်အိမ်မှာ ဆရာမနဲ့ခေါ်သင်ပေးတော့လည်း ပတ်ပြေးနေတဲ့အထိ ဆိုးတဲ့ကလေးကို မူကြိုပို့တော့လည်း အပေါက်ဝတင်မဝင်ဘဲ အဖေခြေထောက်ဖက်ကာ ပြန်လိုက်မယ်ချည်း တဂျီဂျီလုပ်နေလေသည်။
ဂျွန်ဂျယ်အင် တစ်ယောက်ခေါင်းကိုက်ရပါသည်။
မိန်းမဆုံးသွားတဲ့ Single father တစ်ယောက်က ဒီစကားနားမထောင်တဲ့ သားနဲ့အလုပ်ကို မနည်းပင်လုံးလည်ချာလည်လိုက်ကာ လုပ်နေရသည်။
အလုပ်အမြဲလုပ်နေရလို့ အချိန်မပေးနိုင်တာကြောင့် သားလေးကိုလိမ္မာရေးခြားရှိအောင်သေချာမဆုံးမမသွန်သင်ပေးနိုင်တာမို့ သားလေးသည် ချစ်စရာကောင်းပေမယ့် စကားလေးကတော့နားမထောင်ချင်။
အခုလည်း ‌သူ့ခြေထောက်ကိုမလွှတ်တမ်းဖက်ပြီး မျက်ရည်တွေရော နှပ်ချေးတွေပါ ဘောင်းဘီကပ်သုတ်နေပြန်တဲ့ သားလေးကို သူဘယ်လိုထားခဲ့ရမလဲ အကြံအိုက်နေရပြန်သည်။

"သား သားလိုချင်တယ်လို့ပြောထားတဲ့ကားလေ ဖေဖေဝယ်ပေးမယ်လေ သားမူကြိုတက်မယ်ဆိုရင်နောက်နေ့ကျ သားကိုအဲ့ဒီကားနဲ့ပဲနေ့တိုင်းလာကြို‌ပေးမယ်လေ ဟင်"

Who Just Started‽ [✔︎]Where stories live. Discover now