2.0»»

789 93 12
                                    

[Unicode]

"ဟယ်လို CEO ဟိုဟာလေ ညကတည်းကမေးမလို့ပေမယ့်နောက်ကျသွားတာမို့လေ Driver ကဘယ်ကိုလာမှာလဲဟင်"

ဟာနူး မနေ့ကလောလော လောလောနဲ့အိမ်ပြန်သွားပြီး အိမ်ပြန်ရောက်တော့လည်းမေးဖို့မေ့ကာ ခရီးသွားဖို့အိပ်ထည့်ရင်း အိပ်ပျော်သွားသည်မို့ ‌မမေးလိုက်ရ။
ဒီနေ့မနက် နိုးနိုးချင်းထဲက သူ့ကို ဖုန်းခေါ်ပေမယ့်လည်း မနိုးသေးတာလားမသိတဲ့        
ဂျောင်ကုက ဖုန်းမကိုင်တာကြောင့် ခုသွားခါနီးမှပဲ ခရီး‌ဆောင်အိပ်ကိုင်ကာ ထပ်ဆက်ရသည်။

"ဟမ် ခဏ ခဏနော် ဘာပြောတာ ဟာနူး"

ရေလိုမျိုးအသံတွေကြားနေရပြီး သူ့အသံကလည်းဟိန်းထွက်နေတာကြောင့် သူရေချိုးခန်းထဲမှာများလား။

"ရပြီ ဘာပြောတာဟာနူး"

ခုမှ ဂျောင်ကုဘက်က အသံကပုံမှန်ပြန်ဖြစ်သွားသည်။

"ဟိုဟာ Driver ကလေ...."

"ကိုယ်လာခဲ့မှာ"

"nae?"

" ဟမ် အော်ဟိုဟာ Company မှာလူစုကြတာမလား Company ကိုပဲသွားနှင့်လိုက်နော် ပြီးရင် ကိုယ်လာခဲ့..... မဟုတ်သေးဘူး driver လာလိမ့်မယ် ညကနောက်ကျမှအိပ်မိလို့ အိပ်ရာထနောက်ကျနေလို့"

ဟမ် အိပ်ရာထ‌နောက်ကျတယ်။
ဘယ်သူကလည်း သူလား။
Driver ကိုပြောတာလား။
အင်းပေါ့။
လိုက်ပို့မှာ Driver လေ driver ကိုပြော‌တာပဲနေမှာပါ။

"သွားနှင့်လိုက်နော်ဟာနူး အမြန်လာခဲ့မယ် ကိုယ်ချပြီ"

ဟာနူး ဟိုတွေးဒီတွေးလုပ်နေတုန်းမှာပဲ ဖုန်းချသွားတဲ့ ဂျောင်ကုက အခုဘာတွေပြောနေတာလဲ အမြန်လာခဲ့မယ်ဆိုတာက driver အကြောင်းလား သူ့အကြောင်းလား။
ဟာနူး နားမလည်စွာပဲဖုန်းကိုချလိုက်ပြီး Company ကိုသွားရန်ပဲပြင်လိုက်သည်။

•••

"အတွင်းရေးမှူးဗျောရောက်ပြီလား ဒီဘက်မှာ"

Who Just Started‽ [✔︎]Where stories live. Discover now