2.8»»

943 103 34
                                    

[Unicode]

"ဟာနူး~"

ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်ပြီး Laptop ကိုကြည့်နေတဲ့ အကြည့်တွေကိုခဏရပ်လိုက်ကာ အနောက်ဘက်ကခေါ်လာတဲ့ အသံလာရာဘက်ကိုလှည့်ကြည့်လိုက်သည်။

ဟာနူးကြည့်နေတဲ့ laptop ဆီကိုအကြည့်ရောက်သွားတဲ့ ဂျောင်ကုက အလုပ်လျှောက်စာတင်နေတာကိုတွေ့သွားပြီး မျက်ခုံးတချို့ တွန့်ချိုးသွားသည်။

"အဲ့တာ ဘာလုပ်နေတာလဲ ဟာနူး"

"ကျွန်မအလုပ်ရှာနေတာ"

"အလုပ်?"

မျက်ခုံးများပိုတွန့်ချိုးသွားကာ ‌ထပ်မေးလာတဲ့ဂျောင်ကုက ဘယ်လိုဟန်ပန်ကိုပြလာလာ ဟာနူးဂရုမစိုက်ဘဲ ခပ်အေးအေးသာပြန်ဖြေလိုက်သည်။

"အင်း"

"ဘာအတွက်လဲ"

"ရှင်ကိုယ်တိုင်ပဲ ကျွန်မကို အလုပ်ထုတ်လိုက်တာမလား အဲ့တော့ ကျွန်မအလုပ်အသစ်ရှာရမှာပေါ့"

"မင်းအလုပ်မလုပ်ရပါဘူး"

"ကျွန်မ အိမ်မှာပဲ တစ်ချိန်လုံးနေမနေနိုင်ဘူး ဂျောင်ကု ကျွန်မ မိဘတွေကိုလည်းထောက်ပံ့‌ရအုံးမယ် ရှင့်အဖေလို ကျွန်မမိ‌ဘတွေကအလုပ်လုပ်နိုင်ကြတဲ့ အခြေအနေလည်းမဟုတ်ဘူး ကျွန်မကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရနဲ့မချုပ်ချယ်ပါနဲ့"

"ကိုယ်ရှိတယ်လေ ကိုယ်ရှိနေတာပဲ အဲ့တာတွေလိုလို့လား ကိုယ်ကမင်းမိဘတွေအတွက် ဘာမှတွေးမပေးဘူးထင်လို့လား"

"ကျွန်မမိဘတွေကို ကျွန်မဘာသာထောက်ပံ့နိုင်ပါတယ် ကျွန်မဘာသာအလုပ်လုပ်ပြီး"

"ဒါဆိုကိုယ့် Company ကိုပဲပြန်ဝင်လိုက်လေ"

"ဟင့်အင် ကျွန်မ ဒီမှာ အလုပ်လျှောက်ပြီးပြီ နောက်တစ်ပတ်ကစအလုပ်စဆင်းတော့မှာ"

ဟာနူးပြောပြီးတာနဲ့ laptop ကိုဆက်ကြည့်နေလိုက်သည်။
ဂျောင်ကုလည်း ဘာမှမပြောတော့ပဲ သက်ပြင်းတစ်ချက်သာချကာ အပေါ်ထပ်ကိုပြန်တက်သွားသည်။

Who Just Started‽ [✔︎]Where stories live. Discover now