0.7»»

767 90 3
                                    

[Unicode]

တ‌ရွေ့ရွေ့သွားနေတဲ့ မိန်းမဝတ် အနက်ရောင်လက်ပတ်နာရီလေးကို တစ်ချက်ချက်ငုံ့ကြည့်လိုက်ကာ အိမ်ရှေ့တွင် ဟိုဖက်လျှောက်လိုက်သည်ဘက်လျှောက်လိုက်နှင့် ဟာနူးတစ်ယောက် ထိုင်မရထမရ။

"ထယ်ရေ မလာသေးဘူးလား အတော်နောက်ကျနေပြီလေ...."

အတော်ကြာနေပြီမို့ ဖုန်းကိုထုတ်လိုက်ကာ contact ထိပ်ဆုံးက ထယ့်ဖုန်းနံပါတ်လေးကိုနှိပ်လိုက်သည်။

သို့သော် အဝင်ကောအသံမှလွဲ ထယ့်အသံနည်းနည်းမျှထွက်မလာ...။

"ဟူးး ဖုန်းလည်းမကိုင်ပြန်ဘူး ဒီနေ့နောက်ကျလို့မဖြစ်တဲ့ဟာကို CEO ပြန်လာမယ့်နေ့မို့ အရေးကြီးတာကို ထယ်ကဘာလို့မရောက်သေးတာလဲ........"

အင်း CEO ကနှစ်ကုန်မှပြန်လာမယ်ဆိုပြီး ရုတ်တရက်ကြီး လကုန်ရင်ပြန်လာမယ်လို့ ချက်ချင်းပြောင်းလိုက်တာလေ။

အဲ့ဒီသတင်းကြောင့် Company ကဝန်ထမ်းတွေအကုန်လုံး တစ်လအတွင်း ဗရုတ်ကိုကျရော။

ဟူးဒီနေ့တော့ တကယ်ပဲပြန်လာပြီပေါ့လေ။ လာမယ့်လာလည်း အစကပြောသလို နှစ်ကုန်မှပဲလာလိုက်ပါတော့လား။

အခုတော့ ၂လပိုင်းပဲရှိသေးတယ် အများကြီးလိုသေးတာကို။

ခုကစပြီး CEO ဘေးမှာအလုပ်လုပ်ရတော့မှာပါလား။

အဆင်ပြေပါစေပဲဆုတောင်းပါတယ်.....။

"ဟူး ထယ်ရေမလာသေးဘူးလား"

ထယ့်ကိုထိုင်စောင့်ရင်း ခဏကြာတော့ နာရီကိုထပ်ကြည့်လိုက်ချိန် ဟာနူးမျက်လုံးပါပြူးမိသည်။
မဖြစ်တော့......

နောက်ဆုံးအနေနဲ့ ထယ့်ကိုဖုန်းထပ်ခေါ်ကြည့်ပေမယ့် လုံးဝမကိုင်တာကြောင့် အလုပ်ရှုပ်နေသည်ဖြစ်မည်တွေးကာ ဟာနူး message ထဲဝင်ကာ စာတစ်စောင့်သာပို့ခဲ့လိုက်သည်။

'ထယ်ရေ မအားဘူးလားဟင်?
နေမကောင်းလို့လား?
နေမကောင်းဘူးဆို ဒီနေ့အလုပ်မသွားနဲ့တော့နော်...
ဟာနူးနောက်နေ့မှခွင့်ယူပြီးလာခဲ့မယ်...
ဒီနေ့တော့ဟာနူးအလုပ်သွားမှဖြစ်မှာမို့...
ဟာနူးကိုထယ်လိုက်မပို့ဖြစ်တော့ရင်လည်း ဟာနူးက ဘာမှမဖြစ်ဘူး ရတယ်သိလား... ဟာနူးက ဒီနေ့စောသွားရမှာ...
ဒီ​နေ့က CEO ကပြန်လာမယ့်နေ့မို့လို့လေ.... နောက်ကျလို့မဖြစ်လို့ ဒီနေ့တော့ ဟာနူးတစ်ယောက်တည်းပဲ သွားလိုက်တော့မယ်နော်...
ညကျမှဖုန်းဆက်လိုက်မယ်...
ချစ်တယ်ထယ် Fighting 😚'

Who Just Started‽ [✔︎]Opowieści tętniące życiem. Odkryj je teraz