1.1»»

822 94 9
                                    

[Unicode]

"ရောက်ပြီ ဆင်းလာတော့"

မနက်တိုင်း ဟာနူး၏ဖုန်းဆီသို့ အချိန်ကိုက်ရောက်လာတတ်သည့် message အသံ။

ဘယ်သူမှလာမကြိုခိုင်းပါပဲ တစ်ပတ်ရှိနေပြီ မနက်၈နာရီခွဲတာနဲ့ စက်လိုပဲအချိန်ကိုက် ဟာနူး အိမ်ရှေ့ကို ဂျောင်ကု ကားကြီးရောက်လာလေပြီ။
sectary ဆိုတော့ဟာနူးဖုန်းနံပါတ်ကိုသူ့ကိုပေးထားရတာမို့ မနက်တိုင်း message ကရောက်လာမြဲ။
ဘာလို့လိုက်ပို့နေလည်းဆိုတာကိုတော့ ထိုကျောက်ရုပ်မျက်နှာကြီးကို မေးမနေတော့။
လာခေါ်လျှင် လိုက်လိုက်မည်။မခေါ်လျှင်လည်း ကိုယ့်ဟာကိုယ်တစ်ယောက်တည်းသွားမည်။

"nae"

ဟာနူး သူ့ကိုစာပြန်ပို့လိုက်ကာ ပစ္စည်းတွေ ယူပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။

"အိုမားသမီး သွားပြီနော်"

"တစ်ယောက်တည်းလားသမီး"

"အဲ့တာက ...."

အိုမားမှ ဂျောင်ကုလာခေါ်ကိုမသိတာပဲ....။

"ဟုတ်တယ် တစ်ယောက်တည်းအိုမား..."

"ဟင် အိမ်ရှေ့ကကားက ဘယ်သူလဲ သမီး"

ဟာနူးပြောလို့မဆုံးသေး အိမ်ရှေ့တံခါးကိုအိုမားက ဆွဲဖွင့်လိုက်တာကြောင့် တွေ့လိုက်ရတဲ့ အိမ်ရှေ့ခြံစည်းရိုးအပြင်ဘက်မှာရပ်ထားတဲ့ ဂျောင်ကုရဲ့ကားကြီးကြောင့် အိုမားမေးလေပြီ။

"အဲ့တာက ဟိုဟာ C.... CE O ‌ရဲ့ ကား ထင်တယ် အဟင်း"

"ဟင် သမီးတို့ CEO လား"

ဟာနူး ကမန်းကတန်းဖြင့်ခေါင်းငြိမ့်ပြလိုက်ကာ

"ဟုတ် ဟုတ်တယ် ဟီး"

"သမီးရဲ့ CEO ကဘာလို့ဒီကို..."

"အဲ့တာက သမီးလည်းမသိဘူး အိုမား သမီး နောက်ကျတော့မယ် သွားပြီနော် အာပါးသမီးသွားပြီ"

"ဂရုစိုက်သွားနော် ဟာနူးလေး"

"ဟုတ်ကဲ့ အာပါး"

ဟာနူး အိုမားတို့ကိုနှုတ်ဆက်ကာ ရပ်ထားတဲ့ဂျောင်ကုကားဆီပြေးလာလိုက်သည်။
ကားရှေ့ရောက်တော့ ကားထဲစောင့်နေတဲ့ ဂျောင်ကုမျက်နှာက ခပ်တည်တည်။

Who Just Started‽ [✔︎]Donde viven las historias. Descúbrelo ahora