0.2»»

944 95 5
                                    

[Unicode]

ဒီနေ့ဟာ အထက်တန်းနောက်ဆုံးနှစ်ရဲ့ final examination နေ့ဖြစ်သည်။

ကျောင်းသားကျောင်းသူတွေသည် ဟိုတစ်စုသည်တစ်စုနှင့် ဘာသာရပ်တစ်ခုဖြေ‌ပြီးချိန် ဆူဆူညံညံဖြင့် စကားပြောနေကြသည်။

ဟာနူးတို့သုံးယောက်လည်း ကျောင်းအရှေ့ဘက်က သစ်ပင်အကြီးကြီးရှေ့ကခုံတန်းမှာထိုင်ကာ စကားတပြောပြောဖြင့်

"ဟဲ့ ဟာနူး နင်ဖြေနိုင်လား"

လွယ်အိတ်လေး တစောင်းလွယ်လို့ ထယ်ယောင်းကမေးလာသည်။

"ဒါပေါ့ ငါကဘယ်သူလဲ ဗျောဟာနူးပါ အမှတ်ပြည့်ပဲ"

"အမလေးဟုတ်ပါပြီ အမတော်ရယ် ငါပဲမေးမိတာမှားပါတယ်"

မျက်နှာလေးမဲ့ကာ အမြင်ကပ်သလိုပုံနဲ့ထယ်ယောင်းကဆိုသည်။
သူတို့နှစ်ယောက်ကတော့ စကားတပြောပြောနဲ့ တက်တက်ကြွကြွရှိကြပေမယ့် တစ်ယောက်ကတော့မဟုတ်။

ထယ်ယောင်းနဲ့စကားပြောရင်း ဘေးကိုလှမ်းကြည့်လိုက်တော့ မျက်နှာကိုအောက်စိုက်ကာ ငြိမ်နေတဲ့ဂျောင်ကု....။

ဂျောင်ကု မဖြေနိုင်လို့များလား....?

"ဟဲ့ ဂျောင်ကုနင်ရော ဖြေနိုင်လား"

စကားမပြောတဲ့ဂျောင်ကုကို မေးလိုက်မိတော့မော့ကြည့်မလာဘဲ ပြန်ဖြေလာတဲ့ အဖြေကအားရစရာပါပဲ။

"အင်း ဖြေနိုင်ပါတယ် အောင်တော့အောင်မှာပေါ့"

"ဟင် နင့်ဟာကလည်း ဘယ်လိုကြီးလည်း အောင်ရုံလောက်ပဲဖြေခဲ့တာလားဟေ နင်စာမလုပ်ဘူးလား"

"မဟုတ်ပါဘူး ဒီတိုင်း"

"ကျွတ်..ကျွတ်..ကျွတ်...."

ဟာနူးတစ်ယောက် စိတ်ပျက်သလို စုတ်တစ်ချက်သပ်လိုက်ကာ တစ်ဖက်ကထယ်ယောင်းဘက်ကိုလှည့်ကြည့်လိုက်ပြီး.....။

"ဒါဆို ထယ်ယောင်း နင်ရော"

"ငါလည်း အောင်တော့အောင်မှာပါ ဟီး"

‌နောက်ထပ်တစ်ယောက်ကို မေးကြည့်လိုက်ပြန်တော့လည်း နောက်ထပ််အောင်ရုံဖြေတစ်ယောက် ထပ်တိုးလာရုံသာ...။

Who Just Started‽ [✔︎]Tempat cerita menjadi hidup. Temukan sekarang