1.6»»

769 97 18
                                    

[Unicode]

"သမီးလေး သမီး နိုးလာပြီလား"

ဘေးနားကနေ ခပ်တိုးတိုးနဲ့မေးနေတဲ့အသံက သေချာပေါက်အိုမားအသံပင်။

ဒါပေမယ့် မျက်လုံးဖွင့်ဖို့ကို ဟာနူးမနည်းအားယူနေရသည်။

ခေါင်းတွေလည်းတဆစ်ဆစ်ကို ကိုက်ခဲနေကာ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ။

"သမီးရယ် ဘယ်လိုဖြစ်လို့ မိုးရွာတောထဲမှာ သတိလစ်နေရတာလဲ ဘယ်လိုဖြစ်ရတာလည်းသမီးရယ် နင့်အာပါးရယ်ညက အိပ်တောင်မအိပ်နိုင်ဘူး"

ဟာနူး မျက်လုံးဖွင့်ဖွင့်ချင်း ဘေးနားကအိုမားက အရည်လဲ့နေတဲ့မျက်လုံးတွေနဲ့ တဖွဖွဆိုလာသည်။

"တောင်းပန်ပါတယ် အိုမားခုရော အာပါးဘာလုပ်နေလဲဟင်"

"အိုမားက သွားနားနေလိုက်လို့ပြောလိုက်လို့ ခု အောက်ထပ်မှာထင်တယ်"

ဒါနဲ့ ငါအိမ်ကိုဘယ်လိုပြန်ရောက်နေတာပါလိမ့်။
ညက အဖြစ်အပျက်တွေကိုပြန်တွေးလိုက်တော့.....
ဦးနှောက်ထဲပေါ်လာတာက "လမ်းခွဲရအောင်ငါတို့" သွေးအေးအေးနဲ့ ပြောထွက်လာတဲ့ ထယ့်ရဲ့မျက်နှာတည်တည်ရယ် မှောင်မဲနေတဲ့ပတ်ဝန်းကျင်နဲ့ ပြင်ထန်တဲ့ မိုးစက်တွေရယ်။

"အား...."

"သမီး သမီးလေး ဘာဖြစ်လို့လည်း ဘယ်နားနာနေလို့လဲသမီး"

ဟာနူး အမြန် ခေါင်းခါပြလိုက်သည်။

"ဘာမှမဖြစ်ဘူး အိုမား ခုနက ခေါင်းထဲ ဆစ်ခနဲဖြစ်သွားလို့ ခုဘာမှမဖြစ်တော့ဘူး"

ဟာနူးပြောလိုက်ပေမယ့် အိုမားက နဖူးတစမ်းစမ်းနဲ့ မျက်နှာမှာ စိုးရိမ်တဲ့အရိပ်အယောင်တွေဖြစ်နေပြီ။

မနေ့က အိမ်ကိုပြန်ရောက်လာတာက....

မဟုတ်မှ ထယ်?

"အိုမား မနေ့က သမီးဘယ်လိုအိမ်ကိုပြန်ရောက်လာတာလဲဟင်"

ထိုအခါမှ နဖူးကိုစမ်းနေတဲ့အိုမားက လက်ကိုပြန်ရုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ

"သမီးရဲ့ CEO လာပို့တာလေ သူ့မှာလည်းမိုးရွာတောထဲ စိုရွှဲလို့သမီးကို ချီလာရတာ မပြန်သေးပဲအကြာကြီးစောင့်နေသေးတယ် အိုမားလည်းအားနာလို့ သူကအလုပ်နဲ့ဆိုတော့ မနည်းပြောပြီးပြန်ခိုင်းလိုက်ရတယ်"

Who Just Started‽ [✔︎]Where stories live. Discover now