2.3»»

898 99 19
                                    

[Unicode]

"nae ဘယ်သူလည်းမသိဘူးပြောပါ"

ဂျယ်ဂျူခရီးပြန်ရောက်ပြီးပြန်လာတည်းက ပိုပိုပြီးများလာတဲ့ အလုပ်တွေကြောင့် မအားလပ်နိုင်တဲ့ အပြင် ဂျောင်ကုပါ အလုပ်ကိစ္စနဲ့ အမေရိကန်ကိုထွက်သွားတာကြောင့် ဟာနူးအတွက် အလုပ်ကတော့ ပြောစရာပင်မလိုအောင်များလွန်းသည်။
ခုလည်း ဘယ်သူဘယ်ဝါမကြည့်ပဲ ဖုန်းကိုကိုင်လိုက်ကာ လက်တစ်ဖက်က laptop ကိုနှိပ်နေတာကိုလည်းမရပ်မိ။

"ဟာနူး"

တစ်ဖက်က ရင်းနီးနေတဲ့ အသံကြောင့် ဟာနူး laptop ပေါ်ကလက်ကိုခဏရပ်လိုက်ပြီး ဖုန်းကိုနားဆီကနည်းနည်းခွာကြည့်လိုက်သည်။

"အာ CEO အဲ CEO ဂျောင်ကု တောင်းပန်ပါတယ် ကျွန်မ နာမည်မကြည့်လိုက်မိလို့"

နှစ်ယောက်တည်းရှိချိန်ဆို ဂျောင်ကုလို့ခေါ်ဖို့ပြောထားတာကိုလည်း ခုထိလုံးဝ နေသားမကျသေး အမြဲတမ်း ဟာနူး နှစ်ခေါက်ပြန်ပြန်ခေါ်နေမိတာမျိုး။

"ကိုယ် မရှိတော့အဆင်ပြေရဲ့လား"

တစ်ဖက်ကခပ်အေးအေးလေသံနဲ့ မေးလာတာမို့ ဟာနူးကအလုပ်ကိုတောင်လိုပုံအောင် ဟိုပြေး‌ဒီပြေး‌ဖြစ်နေပေမယ့် CEO ဖြစ်ပြီးသူကတော့ အေးအေးဆေးဆေးပဲ ထင်တယ်လို့တောင်ဟာနူးတွေးမိသည်အထိ သူ အဲ့ကို ရောက်တဲ့ နှစ်ရက်အတွင်း ဟာနူးကိုဖုန်းခေါ်နေတာ အလုပ်ကိစ္စထက် အကြောင်းမရှိခေါ်နေတာကများနေတာပင်။
မဟုတ်တာပါ သူက တစ်ခြားနိုင်ငံတောင်သွားပြီးအလုပ်လုပ်နေရတဲ့ CEO သေချာပေါက် သူကဟာနူးထက်ပိုတော့အလုပ်‌များမှာပေါ့။
ဘယ်လိုအချိန်တွေရပြီး ခဏခဏဖုန်းဆက်နေလည်းတော့မသိပေမယ့်။

"ကျွန်မအဆင်ပြေပါတယ် ဒါပေမယ့် CEO ဘယ်တော့လောက်ပြန်လာမလဲဟင်"

"အဟင်း ဘာလဲ ကိုယ်သွားတာ ၂ရက် ၃ရက်ပဲ ရှိသေးတယ် ခုကတည်းက လွမ်းနေပြီလား"

အလုပ်ရှုပ်နေလို့ စိတ်မကြည်ချင်ပါဘူးဆို ဂျောင်ကုကစလာပြန်ပြီ။
တစ်ခါတစ်လေ ဂျောင်ကုက ဟာနူးကိုသဘောကျနေတာပါလားဆိုတာကို ကိုယ့်ကိုကိုယ် ပြန်ပြန်သတိပေးနေမှဖြစ်မည်။
ကျွန်းမှာတုန်းကကျ သူငယ်ချင်းလိုပြန်နေကြ‌ရအောင်လေးဘာလေးနဲ့ ခုကျလူကို flirt နေပြန်ပြီ။
ခုတလောသူအဲ့လိုချည်း လုပ်နေတာ ဘယ်နှစ်ခါမှန်းမသိ။

Who Just Started‽ [✔︎]حيث تعيش القصص. اكتشف الآن