0.5»»

779 88 7
                                    

[Unicode]

Rollercoaster စီးပြီးနှစ်ယောက်သား တယိမ်းတယိုင်နဲ့ကော်ဖီဆိုင်ထဲဝင်လာခဲ့ကြသည်။

ဆိုင်ထဲရောက်တော့ ထယ်ယောင်းကအရင်ထိုင်ကာ menu ကိုကြည့်လို့မေးသည်။

"ဟာနူး နင်ဘာသောက်မလဲ"

"Hot Americano နင်ရော cola ပဲမလား"

"အေး ငါမှကော်ဖီမကြိုက်တာ"

ကော်ဖီဆိုင်လာပြီး cola လာသောက်တဲ့ ထယ်ယောင်းရယ်ပါ။

"ထယ်ယောင်း နင်ခုနကရိုက်ပေးတဲ့ ပုံတွေငါ့ကိုပို့လိုက်ပြီလား"

"အင်းပို့ပြီးပြီ"

"ဟုတ်လား ငါပြန်ကြည့်လိုက်အုံးမယ် ထယ်ယောင်း နင်တကယ်တော်တယ်သိလား ငါအပြင်မှာထက်တောင်ပိုလှနေသေးတယ် ဟီးဟီး"

လက်မတစ်ထောင်ထောင်နဲ့ ပြုံးပြီးပုံတွေကို သဘောကျ‌နေတဲ့ ဟာနူး။
ထယ်ယောင်း ဘေးကနေ ပြုံးလို့သာကြည့်နေမိသည်။

ထယ်ယောင်း သူမကိုပြောစရာရှိတယ်လို့ပြောထားတာ သတိတောင်ရသေးရဲ့လားမသိ။

ထယ်ယောင်းကိုခဏမေ့ကာ ig မှာဟာနူးကထယ်ယောင်းရိုက်ပေးသည့် ပုံတွေကိုတင်နေသည်။
တဖက်က မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ထယ်ယောင်းကတော့ စကားကို ဘယ်ကစရမလဲ စဉ်းစားနေသည်။

ဟင်းး ငါ ဘယ်ကစပြောရင် အဆင်ပြေလောက်မလဲ အင်း.....

"ဟာနူး" "ထယ်ယောင်း"

ထယ်ယောင်း စကားပြောရန် အစချီဖို့ သူမနာမည်ကိုစခေါ်လိုက်တော့ သူမကလည်း တစ်ချိန်တည်း သူ့နာမည်ကိုခေါ်လာသည်။

"အော်" "အော်"

ထယ်ယောင်း ဘာကစပြောရမှန်းသေချာမသိဘဲ စကားစလိုက်ပေမယ့် ဆက်တိုက်ဟာနူးနှင့်စကားတွေတူနေသည်။

"နင်ပဲအရင်ပြောပါ" "နင်အရင်ပြောလေ"

"ဟားဟား ငါတို့စကားတွေတူနေလိုက်တာ ပြောလေဟာနူး နင်အရင်ပြော ဘာလဲ"

ဟာနူးက ပြောစရာရှိပုံပေါ်တာကြောင့် ထယ်ယောင်း သူမကိုဦးစားပေးကာအရင်ပြောခွင့်ပေးလိုက်သည်။
မဟုတ်လည်း သူပြောဖို့အရှိန်ယူနေရအုံးမှာမို့။

Who Just Started‽ [✔︎]Where stories live. Discover now