2.4»»

908 96 30
                                    

[Unicode]

"ဦးလေး ပြန်မအမ်းနဲ့တော့"

ဝရူန်းသုန်းကားနဲ့ taxi ပေါ်ကပြေးဆင်းလာမိတဲ့ဟာနူးသည် ဆေးရုံထဲကို ပြေးဝင်ရင်း လူတချို့ကိုလည်း တိုက်မိခဲ့သေးသည်။

"ကျွန်မကို ဂင်မ်ထယ်ယောင်းရဲ့ အခန်းနံပါတ်ပြောပေးလို့ရမလား"

အထဲရောက်တာနဲ့ ကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ကို ဟာနူး အသက်ရှုသံပြင်းပြင်းတွေကြားကထိန်းကာ မေးလိုက်တော့ ထိုမိန်းကလေးက တစ်ချက်မော့ကြည့်ကာခပ်အေးအေးလေသံလေးနှင့် ပြန်မေးလာသည်။

"လူနာနဲ့ ဘယ်လိုများပတ်သတ်ပါသလဲရှင်"

ဆေးရုံတစ်ခုလုံး တည်တည်ငြိမ်ငြိမ် လည်ပတ်နေချိန် ချွေးစတချို့နဲ့ အပြေးအလွှားဝင်လာကာ အလျင်အရမ်းလိုနေသူက ဟာနူးတစ်ယောက်တည်း။
ထိုမိန်းကလေးအမေးကို မဖြေခင် အသက် တစ်ချက်ထပ်ပြင်းပြင်းရှုရှိုက်လိုက်ကာ

"ကျွန်မ......"

ပြောခါနီးပဲ ဟာနူးတွေဝေစွာရပ်တန့်သွားမိတော့ ထိုကောင်တာမှာထိုင်နေတဲ့ ကောင်မလေးက ဟာနူးကို မော့ကြည့်လာသည်။

"ကျွန်မ သူ့ရဲ့ ချစ်သူပါ"

မျက်လုံးတစ်ချက်ပြူးသွားတဲ့ ထိုကောင်မလေးက ယုံသလားမယုံသလားဆိုတာ ဟာနူး စိတ်မဝင်စားနိုင်တော့ မပြောချင်ပြောချင်ထွက်လာခဲ့သည့် အခန်းနံပါတ်ရှိရာသို့သာ ခြေရှိန်တင်ခဲ့သည်။

•••

လေပေါ်တင် တုန့်တုန့်သွားခဲ့တဲ့လက်ဟာ ပြန်ပြန်ချမိတာ ခုနဲ့ဆို သုံးကြိမ်မြောက်။
ထယ့်အခန်းရှေ့ကိုရောက်နေပေမယ့် ရဲရဲတင်းတင်း ဝင်သွားဖို့ကို ခေါင်းထဲဝင်ဝင်လာတဲ့ အတွေးမျိုးစုံတို့က တုံ့ဆိုင်းမိစေသည်။

ငါဒီတိုင်း ဝင်သွားလို့ဖြစ်ပါ့မလား????

စိတ်ကိုတင်းလိုက်ကာ အသက်တစ်ချက်ခပ်ဝဝရှုရှိုက်လိုက်ရင်း လက်ကိုင်ကိုကိုင်ဖွင့်ရန်ပြင်လိုက်သည်။

Who Just Started‽ [✔︎]Onde histórias criam vida. Descubra agora