0.6»»

755 98 8
                                    

[Unicode]

ထယ်ယောင်း ဝတ်စုံပြည့်ဖြင့် ရုံးခန်းထဲတွင် လုပ်စရာရှိသည့် file အားလုံးကိုလက်စသတ်ကာ necktie ကိုခပ်လျော့လျော့ဆွဲလိုက်သည်။

တစ်စုံတစ်ခုကို သတိရသွားတာကြောင့် လက်မှ တစ်စုံတစ်ယောက်သောသူ လက်ဆောင် ပေးထားတဲ့ ရိုးရိုးရှင်းရှင်းအနက်ရောင် လက်ပတ်နာရီလေးအား ငုံ့ကြည့်လိုက်သည်။

"အင်း ၆ နာရီ ဟာနူးရုံးဆင်းလောက်ပြီမလား..."

ထယ်ယောင်း စားပွဲခုံပေါ်တင်ထားတဲ့ ဖုန်းကိုလှမ်းယူလိုက်ကာ အမြဲတမ်းကြည့်စရာမလိုတဲ့ contact ရဲ့ထိပ်ဆုံးက ဖုန်းနံပါတ်လေးကိုနှိပ်လိုက်သည်။

တစ်ဖက်ကဖုန်းအဝင်ကောကို စားပွဲခုံပေါ်လက်ချောင်းရှည်ရှည်တွေနဲ့ အသံမြည်အောင်ခေါက်ကာစောင့်နေသည်။

ဖုန်းကိုင်လိုက်ပြီဆိုတာနဲ့ တစ်ဖက်က "ဟယ်လို" ဆိုတဲ့ တစ်နေ့လုံးသတိရနေရသောအသံလေးကို ကြားရပြီဆိုလျှင် ထယ်ယောင်းရဲ့ တစ်နေ့တာတည်တံ့နေတဲ့ မျက်နှာထားတည်တည်ဟာ အပြုံးဘက်သို့....။

"ဟာနူး ရုံးဆင်းပြီလား ကိုယ်လာခေါ်မယ်လေခု"

အင်း ဘွဲ့ရတဲ့နေ့က အဖြေပြန်ပေးပြီးကတည်းက ထယ်ယောင်းနဲ့ဟာနူးကြား ပြောင်းလဲသွားခဲ့တာတွေထဲကတစ်ခုကတော့ သူ့ရဲ့ "ကိုယ်" ဆိုတဲ့နာမ်စားလေးပါပဲ။

"အင်း ဟာနူး ခုဆင်းလာပြီလာခေါ်တော့နော်ထယ်"

တစ်ဖက်က တက်တက်ကြွကြွ ထယ်ယောင်းရဲ့အသံကို ဟာနူးက file အထပ်လိုက်ကိုလက်ကတင်းတင်းပိုက်ကာ လှေကားထပ်တွေကနေဆင်းလာရင်းကပြန်ဖြေသည်။

"ခဏပဲစောင့် ကိုယ်ထွက်လာပြီခုပဲ"

"အလျင်မလိုပါဘူး ထယ်ရဲ့ ဟာနူးလည်းခုမှဆင်းလာရုံရှိသေးတာ ဖြေးဖြေးလာပါ ဟာနူးစောင့်နေမှာပေါ့"

ဟာနူးကလည်း နင်ငါအစား သူ့ကိုထယ်လို့ပဲသုံးနှုန်းပြီး ကိုယ့်ကိုကိုယ်တော့ ဟာနူးလို့ပဲ သုံးနှုန်းတော့တယ်.....။
ချစ်သူတွေဖြစ်နေကြပြီဆိုတော့ နည်းနည်းတော့ နူးနူးညံ့ညံ့သုံးနှုန်းမှလေ။
ဒီထက်နှုးညံ့တဲ့ တခြားအတွဲတွေခေါ်နေကြတာမျိုးတွေကြတော့ ဟာနူးလည်းပါးစပ်ကမထွက်ပါ။
ခုဟာက မူလတန်းကတည်းက ပုခုံးဖက်ပေါင်းလာတဲ့ သူငယ်ချင်းကို ချစ်သူဖြစ်သွားခါမှ အဲ့လိုကြီးတွေ​ခေါ်ဝေါ်ဖို့ကကျ နည်းနည်းရှက်ဖို့လည်း ကောင်းတယ်လို့ထင်လို့ ထယ်လို့ပဲခေါ်ဖြစ်တယ်....။

Who Just Started‽ [✔︎]Donde viven las historias. Descúbrelo ahora