2.6»»

980 98 15
                                    

[Unicode]

"သတို့သား ဂျွန်ဂျောင်ကုသည် သတို့သမီး ဗျောလ်ဟာနူးလ်အား ဆင်းရဲသည်ဖြစ်စေ ၊ ချမ်းသာသည်ဖြစ်စေ ၊ အေးအတူပူအမျှဘဝကို အတူတူပျော်ရွှင်စွာ ဖြတ်သန်းသွားပါမယ်လို့ သစ္စာဆိုပါသလား?"

ရင်ထဲမှ လှိုက်ဖိုလာသော ပျော်ရွှင်မှုများကို ဟန်မဆောင်အား ၊ မတုန့်မဆိုင်းပဲ သူဆိုမိသည်။

" သစ္စာဆိုပါတယ်။ "

ခမ်းနားလှသော အဖြူရောင်အပြည့်နှင့် ကျက်သရေရှိလှစွာ ဖန်သားများဖြင့်စီချယ်ထားသော တလက်လက် မင်္ဂလာခန်းမကြီး၏အလယ်တွင် မင်္ဂလာပွဲ၏ အဓိက‌ဇာတ်လိုက်များဖြစ်ကြသော သတို့သားဂျွန်ဂျောင်ကု နှင့် သတို့သမီးဆိုသူဗျောဟာနူးတို့က ခမ်းနားလှစွာသော အဖြူရောင် မင်္ဂလာဝတ်စုံများအသီးသီးဖြင့် တခမ်းတနားဝတ်ဆင်ကာ ဖာသာ၏အရှေ့၌ နေရာယူကြသည်။

ကိုရီးယားနိုင်ငံ၏ အချမ်းသာဆုံးသောလုပ်ငန်းရှင်များစာရင်းဝင် ၊ ဂုဏ်ပုဒ် ၊ ရာထူးများနဲ့မလိုက် အသက်အရွယ်လည်းငယ်လွန်း၍ လူတိုင်းနီးပါး၏ အာရုံစူးစိုက်မှုကိုရရှိထားသော စီးပွားရေးလုပ်ငန်းရှင် ၊ စိတ်မရှည်တတ်၍ လူမှုဆက်ဆံရေးသိပ်မပြေပြစ်စေအုန်း ချစ်သူပင်ရှိသည်ဟုမကြားသိရသော ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် J Group ၏ ပဲ့ကိုင်ရှင် CEO ဂျွန်ဂျောင်ကုသည် နဂိုတည်းက များလှစွာသော ဂုဏ်သတင်းများအလှိုင်လှိုင်ဖြင့် အဖက်ဖက်က ပြည့်စုံသည်ထက်ပင်ပိုနေသောသူဖြစ်သည်။

အနုပညာရှင်တစ်ယောက်မဟုတ် ၊ အဆိုတော်မဟုတ် ၊ မင်းသားလည်းမဟုတ်ပါသော်ငြား မိန်းကလေးများ၏ အိပ်မက်သတိုးသားလောင်းပင် ဖြစ်ကာ ရည်းစားရှိသည်ဟုပင် တစ်ခါမှ သတင်းမထွက်ခဲ့သော CEO ဂျွန်ဂျောင်ကုသည် ဆိုင်းမဆင့်ဗုံမဆင့်သော မင်္ဂလာပွဲသတင်းကြောင့် အားလုံးပင် ဆူဆူကျက်ကျက်မြည်အောင် ပွတ်လောရိုက်သွားစေခဲ့သည်။

မည်သူမျှမခန့်မှန်းမိခဲ့သည်က ဂျွန်ဂျောင်ကု လက်ထပ်မည့် မိန်းကလေးသည် သူ၏ Company မှ အတွင်းရေးမှူးမိန်းကလေးပင်။

CEO တစ်ယောက်ရဲ့ မင်္ဂလာဆောင်က လိုအပ်သည်ထပ်ပိုကာ သတင်းထောက်များနှင့် ကင်မရာများတဖျတ်ဖျတ်ရိုက်နေကြသည်။

Who Just Started‽ [✔︎]Hikayelerin yaşadığı yer. Şimdi keşfedin