1.3»»

792 92 28
                                    

[Unicode]

*တီတီ*

ကုတင်ဘေးစားပွဲခုံပေါ်က နှိုးစက် alarm အသံဟာ ဒီနေ့မှ ထူးထူးဆန်းဆန်း ကြာကြာမမြည်လိုက်ရဘဲ ပိတ်သွားသည်။

"ဝှါးးးးး"

အိပ်ရာပေါ်မှ ထထိုင်လိုက်ကာ သန်းဝေရင်း ဟာနူး အညောင်းဖြေရန် လက်နှစ်ဖက်ဆန့်လို့ အကျောဖြေသည်။

ထို့နောက် မျက်လုံးမဖွင့်သေးတဲ့ မျက်နှာနဲ့ပဲ ပြုံးရိပ်ထင်သည်။

"မဖြစ်ဘူး မြန်မြန်လုပ်ရမယ် နောက်ကျလို့မဖြစ်ဘူး"

မျက်လုံးမဖွင့်ဘဲ အကျောဆန့်နေရာက ချက်ချင်းထကာ ရေချိုးခန်းဘက်ကိုပြေးရသည်။

အပေါက်ဝရောက်မှမေ့ကျန်ခဲ့တဲ့ အိပ်ရာဘေးစားပွဲခုံပေါ်က ခေါင်းစည်းကြိုးကို အပြေးပြန်လာကာ ကောက်ယူလိုက်ပြီး ခါးလောက်ရှိတဲ့ ဆံပင်တွေကိုစုစည်းကာ အမြန်ရေချိုးခန်းထဲပြေးရပြန်သည်။

ဟိုဖက်ရောက်လိုက် ဒီဖက်ရောက်လိုက်နှင့်ဟာနူးသည် ဒီနေ့ မနက်မှ အိပ်ရာထထချင်း တက်တက်ကြွကြွပင်။

ဘာလို့ဆို ဒီနေ့က ဟာနူးအတွက်ပျော်စရာရှိတဲ့နေ့မို့ပင်။
အကြာကြီးစောင့်ခဲ့ရတဲ့နေ့လို့လည်း ဆိုရင်ရလောက်မည်။
အင်း တစ်လ..... တစ်လဆိုတာ သူများတွေ‌အတွက် ဘယ်လောက်မှမရှိတဲ့အချိန်အပိုင်းအခြားတစ်ခုဖြစ်လောက်မလား.....။

မသိပါ....။ ဟာနူးအတွက်တော့ ထယ် ပြန်လာမည့်နေ့ကိုစောင့်ရနေရသော တစ်လသည် အလွန်ပင်ကြာသည်။

အကြာကြီးပဲလေ တစ်လက သိပ်ကိုကြာပါသည်။
ချစ်ရမယ့်သူမရှိတဲ့သူတွေအတွက်တော့ မသိပေမယ့် ဟာနူးအတွက်တော့ တစ်နှစ်လောက်ကိုကြာတာမို့ မနည်း သည်းခံစောင့်နေခဲ့ရတာ ဘယ်လောက်တောင်လွမ်းနေခဲ့ရသလဲ.....။

အခုတော့ပြည့်ခဲ့ပြီ။
တစ်လလုံးလုံး အပြင်မှာမတွေ့ရသေးတဲ့ ဟာနူးချစ်ရတဲ့ ထယ်ကဒီနေ့ပြန်လာမှာမို့ ဟာနူးရဲ့ ဒီနေ့မနက်ဟာကျက်သရေအလွန်ရှိသည်။

အကြာကြီးခွဲနေရပြီးမှ ပြန်တွေ့ရမယ့်နေ့မို့ ဟာနူးလိုသည်ထက်ပိုကာ တက်ကြွနေခြင်းပင်.....။

Who Just Started‽ [✔︎]Where stories live. Discover now