0.9»»

763 93 15
                                    

[Unicode]

*ဒေါက် ဒေါက်*

"သမီးရေ အိုမားဝင်လာမယ်နော်"

"ဟုတ်ကဲ့ အိုမား"

အခန်းထဲက မှန်တင်ခုံမှာထိုင်ကာ အသားအရေထိန်းသိမ်းတဲ့ creamတစ်ချို့လိမ်းနေရာ‌က တံခါးခေါက်ကာ ဝင်ခွင့်တောင်းနေတဲ့ အိုမားကို ဟာနူးဝင်ရန်လှမ်းပြောလိုက်သည်။

"သမီးလေး"

အိုမားကဟာနူးကိုခေါ်ရင်း ခုံမှာထိုင်နေတဲ့သူမဆီ လျှောက်လာသည်။

"ဟုတ် အိုမား ဘာပြောမလို့လဲဟင်"

"သမီး အလုပ်မှာအဆင်ပြေရဲ့လား ခုရက်တွေအိမ်ပြန်လာတာ မျက်နှာကနည်းနည်း ညှိုးနေသလားလို့ သမီးအဆင်မပြေတာရှိရင် အိုမားကိုပြောနော်"

မှန်တင်ခုံရဲ့ဘေးက ကုတင်ပေါ်အိုမားကထိုင်လို့ အနည်းငယ်စိုးရိမ်နေတဲ့မျက်နှာနဲ့ မေးလာသည်။

"ဟင်အိုမား သမီးမျက်နှာကညှိုးနေတယ်တဲ့လား သမီးဘာမှမဖြစ်ပါဘူး ဒီတိုင်းတစ်ခါတစ်လေပင်ပန်းတာကြောင့်ပဲဖြစ်မှာပါ ဘာမှအဆင်မပြေတာမရှိပါဘူး အိုမားရဲ့"

ဟာနူး အိုမားဘက်လှည့်ထိုင်လိုက်ကာ အဆင်ပြေကြောင်းအေးဆေးပြောလိုက်သည်။

"ဟုတ်လို့လား ခုတလော သမီးကောင်လေးထယ်ယောင်းလည်း လာခေါ်တာမတွေ့ဘူး တစ်ယောက်တည်းပဲအလုပ်သွားနေတာတွေ့တယ် မဟုတ်မှသမီးထယ်လေးနဲ့ အဆင်‌မပြေဖြစ်ထားလို့လား"

အိုမားက ထယ်လာမကြိုဖြစ်တာကိုသတိထားမိနေတာလား.....

"မဟုတ်တာအိုမားရဲ့ သမီးနဲ့ထယ်ကအဆင်ပြေပါတယ် ထယ်နဲ့သမီးကအဲ့လိုစိတ်ဆိုးတာတွေစိတ်ကောက်တာတွေ သိပ်မဖြစ်ကြဘူးအိုမားရဲ့ စိတ်ဆိုးစရာရှိရင်တောင် အလုပ်ကတော့ အမြဲလိုက်ပို့တယ် ခုတလောလာမခေါ်ဖြစ်တာက ထယ် Company မှာအရမ်းအလုပ်များနေလို့ပါ ဟိုနေ့ကမှ ထယ်တို့ company ကဝန်ထမ်းတစ်ယောက်အမှားလုပ်မိတာ ပြသနာကြီးသွားလို့ ထယ်ရယ်မနည်းလိုက်ဖြေရှင်းလိုက်ရသေးတယ်တဲ့ အလုပ်တွေရှုပ်နေလို့ပါ သမီးတို့ ဘာမှမဖြစ်ပါဘူး"

ဟာနူးက ဘာမှမဖြစ်ပဲအဆင်ပြေကြောင်းအများကြီးရှင်းပြနေတာတောင် အိုမားကမယုံသလိုနဲ့ မျက်နှာကိုသေချာလိုက်ကြည့်နေသေးတာ။

Who Just Started‽ [✔︎]Onde histórias criam vida. Descubra agora