1.4»»

742 97 4
                                    

[Unicode]

*ဂျိန်း......*

ရာသီဥတုက နေ့လည်ကအထိ သာသာယာယာပဲကို ခုတော့ ချက်ချင်းကြီးထကာ မိုးသားတွေမှိုင်းညို့လားပြီး သည်းကြီးမည်းကြီးရွာချနေတာ မိုးပင်ချုပ်နေပြီကို ခုထိကို မရပ်သေး....။

"ကျစ် မုန်းလိုက်တာ အဲ့မိုးအသံတွေကြောင့်ငါ ညကျအိပ်လို့ရပါတော့မလား"

မိုးရွာတာကိုသိပ်မကြိုက်တဲ့ဟာနူးက ကိစ္စအချို့ကြောင့် မကြည်တဲ့စိတ်ကိုဆေးရန် ညဘက်ကြီးမှ ထရေချိုးကာခေါင်းလျှော်နေပြီး ထိုမကြည်တဲ့စိတ်ခံနဲ့ရောကာ မိုးကိုအပစ်တင်နေပြန်သည်။

"အဲ့ဒီမိုးသံတွေကြောင့် ပိုစိတ်အနှောက်အယှက်ဖြစ်စေတာ ကျစ်...."

ပြောပြီး ခေါင်းပေါ် ရေတွေကို စိတ်ပါလက်ပါ လောင်းချနေပြန်သည်။

"သမီးရေ ရေချိုးလို့မပြီးသေးဘူးလား ကြာတယ်နော် နေမကောင်းဖြစ်လိမ့်မယ် မိုးတွေရွာနေတာကို"

အခန်းအပြင်ဘက်ကလှမ်းအော်တဲ့ အိုမားအသံက မိုးသံကြောင့် ကြားတစ်ချက် မကြားတစ်ချက်ပေမယ့် ဘာပြောမလဲ ကြိုသိနေတယ့်ဟာနူးက မှန်းသာဖြေလိုက်သည်။

"ခုပြီးပြီအိုမား"

ရေချိုးပြီးလို့ ခေါင်းကိုစိတ်မပါလက်မပါသုတ်ကာ ရေချိုးခန်းထဲက ထွက်လာတော့ မျက်လုံးထဲတန်းဝင်လာသည်က မနက်က မှန်တင်ခုံပေါ်တင်ထားခဲ့သည့် တလက်လက်တောက်နေတဲ့ ငွေရောင် ဆွဲကြိုးလေး။

"ခေါင်းလျှော်ပြီးလို့ နည်းနည်းစိတ်ကြည်လာမယ်မှတ်တာ ပိုဆိုးတာပဲ.....
ကျစ် မိုးကြောင့်ပဲ မိုးကြောင့်......"

ထိုဆွဲကြိုးကို ဟာနူး ဆတ်ခနဲ အကြည့်လွှဲလိုက်ကာ ခေါင်းလည်းဆက်မသုတ်တော့ဘဲ ကုတင်ပေါ်ပဲ အသံမြည်အောင်လှဲချပစ်လိုက်သည်။

"ဟင်းးးး"

အကြောင်းရင်းမရှိ မျက်နှာကျက်ကိုကြည့်ရင်း သက်ပြင်းချမိပြန်သည်။

ဟာနူးစိတ်တွေ လေးနေသည်။
တစ်နေ့လုံး အိပ်ရာထဲ အိပ်လည်းမပျော်ဘဲ လှဲနေခဲ့တာ ခုလည်းပြန်လှဲနေမိပြန်သည်။

Who Just Started‽ [✔︎]Tempat cerita menjadi hidup. Temukan sekarang