0.1»»

1.7K 114 8
                                    

[Unicode]

*Phone Ringing 📳*

"..."

*Phone Ringing 📳*

ဘာလည်းဟာ ဘယ်သူကဒီချိန်ကို ဖုန်းခေါ်တာလည်း သူများအိပ်နေတာကို

အိပ်ရေးမဝရင် မကျေနပ်တတ်တဲ့သူမ တစ်ချက်တော့ ညည်းညူရင်း ဖုန်းကိုစူပုတ်ပုတ်နဲ့ကိုင်လိုက်သည်။

"ဟယ် ... လို"

"ဟာနူး နင် ဆင်းမလာတော့ဘူးလား ဒီမှာ ငါနဲ့ဂျောင်ကု စောင့်နေတာအတော်ကြာနေပြီနော် နင်နင် အိပ်ချင်မူးတူးအသံနဲ့ မဟုတ်မှနင်မနိုးသေးတာတော့မဟုတ်ပါဘူးနော်"

"ဟမ် .... ဘယ်သူလဲ?"

"ဟက် ဟာနူး ငါ ဂင်မ်ထယ်ယောင်း နင်ငါ့အသံတောင်မမှတ်မိတော့ဘူးလား နင်ဟာလေ အခုအမြန်ထတော့လို့....."

"ဟမ် အော်အင်း...."

အင်းလို့ပြန်ဖြေပြီး ဖုန်းလည်းမချ ဘာမှလည်းဆက်မပြောတာကြောင့် အခုထိအိပ်နေမှန်း ထယ်ယောင်းတစ်ယောက်သိလိုက်ရသည်။

"ဟာနူး ငါအိမ်ပေါ်တက်လာပြီးနှိုးရမလား ပြော ဒီမှာကွတ်ကီးလည်းရောက်နေပြီလို့"

မကြိုက်တဲ့နာမည်ကို ပြောလိုက်မိတဲ့ထယ်ယောင်းတစ်ယောက် ဖုန်းပြောနေတာကိုအနောက်က ကပ်နားထောင်နေတဲ့ ဂျောင်ကုရဲ့ တစ်ချက်ဖျတ်ခနဲ ပိတ်ရိုက်ခြင်းကိုခံလိုက်ရတာမို့ နည်းနည်းတော့ အီလည်လည်ဖြစ်သွားသည်။

သို့သော် ဂင်မ်ထယ်ယောင်းတို့ အပြုံးမပြတ် အစသန်သလို အရိုက်လည်းခံနိုင်သည်။

"ဘာလည်း.... ဘာကိုလဲ ထယ်​ယောင်းရ ....ဒီနေ့ ကျောင်းပိတ်တယ်လေ.... အရူးရဲ့ ငါကဘာဆင်းလုပ်ရမှာလဲ ငါအိပ်နေတာကို လာနှောင့်ယှက်ပြန်ပြီ "

"ဟမ် ဘာကိုအရူးလည်း နင်ကမှအရူး ဒီနေ့ assignment ရှိတယ်လေ နင်ကြောင့်ငါတို့ပါ လာရတာကို နင်ကမထသေးဘူးပေါ့ဟုတ်လားဟာနူး"

"ဘာ! assignment! ဟိုတစ်ပတ်ကပြီးပြီလေ!!!! "

ဖုန်းကိုနားနားကပ်နားထောင်နေတဲ့ ထယ်ယောင်းရော ဘေးနားကကပ်နားထောင်နေတဲ့ဂျောင်ကုရော ဖုန်းနဲ့ခပ်ခွာခွာ နောက်သို့ဆုတ်လိုက်ရသည်။

Who Just Started‽ [✔︎]Donde viven las historias. Descúbrelo ahora