-1-

36.5K 2K 13
                                    

မြို့ငယ်လေးမှာ အပ်ချုပ်တန်းဆိုတဲ့နေရာလေးရှိတယ် ။ မြို့တော်စျေးကြီးကိုအမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့လူတွေစုဝေးနေတဲ့နေရာလေးပေါ့ ။ အပ်ချုပ်ဆိုင်လေးတွေက ရိုးရှင်းပါတယ် ။ လက်ချုပ်လိုက်နေတဲ့သူအချို့ရယ် ၊ အပ်ချုပ်စက်အိုလေးတွေအပေါ် တဂျောင်းဂျောင်းနင်းလို့စက်ချုပ်နေတဲ့ လူအချို့ရယ် ။ စျေးချိုတဲ့ သုံးပေကျော်ရုံ ပလပ်စတစ်မိုးကာစတွေကိုအုပ်မိုးထားတဲ့ အဲ့နေရာကသူတို့ရဲ့ဘဝရပ်တည်ရာဖြစ်တယ် ။

သည်အပ်ချုပ်တန်းရဲ့ကျွမ်းကျင်အဝတ်ချုပ်သမားထဲ အငယ်ဆုံးကောင်လေးတစ်ယောက်ရှိတယ် ။ သူ့နံမည်ကရှောင်းကျန့် ။ မျက်စိဖုံးနေတဲ့ဆံနွယ်အုပ်ကလေးကို ထိပ်မှာစုချည်ထားပေမဲ့ နူးညံ့တဲ့ ကလေးဆံနွယ်လေး
တွေကသူ့မျက်နှာနုနုမှာကပ်ညိနေပါတယ် ။ သူကထူးခြားတဲ့ အဝတ်ချုပ်သူဖြစ်တယ် ။ အဝတ်ချုပ်၊အဝတ်ပြင်လို့ရသမျှကိုစုဆောင်းပြီးတန်ဖိုးမြင့်တဲ့အထက်တန်းလွှာ ဝတ်စုံတွေကိုချုပ်ဖို့ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်ပေါ့ ။ သည်နေ့မှာလည်း စျေးကြီးတဲ့ပိတ်စတစ်စကိုဝယ်လာနိုင်တာမို့ သူကအူမြူးနေခဲ့တယ် ။

ဖော့တွေနဲ့ပုံသွင်းတဲ့ Model ရုပ်မှာ ညှပ်ထားတဲ့ပိတ်စတွေကိုကပ်နေတဲ့ကောင်လေးကိုအနီးအနားဆိုင်ကလူအချို့လာကြည့်ကြတယ် ။

"မင်းမြို့တော်ထဲက ဒီဇိုင်နာတွေဆီ အလုပ်သွားလုပ်သင့်တယ် "

ဒါသူအမြဲကြားရတဲ့ အကြံပေးစကားပါပဲ ။ ဒါပေမဲ့ မြို့တော်ထဲဝင်ပြီးရပ်တည်နိုင်ဖို့သူ့မှာငွေအလုံအလောက်မရှိဘူး ။ သူ့မိသားစုကိုလည်းငဲ့ရဦးမယ် ။ ကံဆိုးတဲ့မေမေရယ်၊သွေးသားမတော်ပေမဲ့သူ့အပေါ်ကောင်းပေးခဲ့တဲ့ပထွေးဖြစ်သူရယ် ၊ ညီမလေးရယ် ။ သူ့ဝါသနာအတွက်တစ်ကိုယ်ကောင်းဆန်ပစ်နိုင်ဖို့အင်အားသူ့မှာမရှိခဲ့ပေ ။ အပ်ချုပ်သမားက ဖောက်သည်လာတဲ့အချိန်အလုပ်လုပ်ပြီးအားတာနဲ့ သူ့ရဲ့ကိုယ်ပိုင်အဝတ်ကိုချုပ်ရင်းလေချွန်တယ် ။ သီချင်းစာသားတွေမှတ်မိဖို့အထိ အချိန်မပေးနိုင်တဲ့သူက နားရည်ဝနေတဲ့သံစဥ်လေးတွေကိုလေချွန်သံအဖြစ်ပြောင်းလဲရာမှာ ပါရမီပါတယ်။

~ Tailor Xiao ~ ( အပ်ချုပ်သမားရှောင်း)Where stories live. Discover now