တိုးတိုးက ကောင်းခန့်ဆီရောက်နေတာ သုံးလပြည့်သွားပြီဖြစ်၍ စင်ကာပူသို့ ပြန်ရတော့မည်...ခွဲရပြန်ဦးမည်ဆိုတော့လည်း စိတ်ကနေမထိ ထိုင်မသာနှင့်...မနက်ဖြန် ချင်းမိုင်မှ တစ်ဆင့် ဘန်ကောက်သို့ဆင်းကြပြီး ကောင်းခန့်သည်လည်း ရုံးချုပ်သို့ သွားရင်းနှင့် တိုးတိုးအား ဘန်ကောက်အထိ လိုက်ပို့မည်ဖြစ်သည်...တိုးတိုးက ဘန်ကောက်တွင် ၂ ည အိပ်ပြီးမှ စင်ကာပူသို့ပြန်ရန်စီစဉ်ထားသည်...
သို့သော် ဒီတခါတော့ အကြာကြီးခွဲရမှာမဟုတ် ၆ လလောက်သာ ကြာမည်ဖြစ်သည်...အကြောင်းကတော့ ကောင်းခန့်အား စင်ကာပူမှာ မာစတာ တစ်နှစ် ဆက်တက်ရမည်ဟူသော တိုးတိုး၏ တစ်ချက်လွှတ် အမိန့်ကြောင့်ပင်...တိုးတိုးက သူ့တုန်းက အလုပ်တဖက်နှင့် Part Time ကျောင်းတက်ခဲ့သော်လည်း ကောင်းခန့်ကိုတော့ Full time တက်ရမည်ဟု ဆိုသည်...
"ငါ့ ရန်ကုန်က ဦးကြီးက Full time တက်ဖို့ ကျောင်းလခ နေစား စားရိတ်အကုန်ထောက်ပံ့ပေးခဲ့တာ...ဒါပေမဲ့ ငါက အလုပ်တဖက်နဲ့ Part time ပဲတက်ခဲ့တာ...ဘာလို့လဲ သိလား"
"ဘာလို့လဲ"
"မင်းအတွက် ကျောင်းစားရိတ် စုချင်လို့"
ကောင်းခန့်မျက်လုံးများ ဝိုင်းစက်သွားရသည်...
"ဟုတ်တယ် ငါ ကျောင်းပြီးလို့ ဖေဖေ နဲ့ ကတိပေးထားတာတွေ ပြီးဆုံးရင် မင်းကိုခေါ်ပြီး ကျောင်းတက်ခိုင်းမှာ ငါ့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပဲ"
"ငါလဲကျောင်းတက်ဖို့ စုထားတဲ့ ပိုက်ဆံရှိပါတယ်...မင်း ပင်ပင်ပန်းပန်း စုထားရတာ မသုံးရက်ဘူး"
" No နော် ကောင်းခန့်ဇော်...မင်း ငါ့ပိုက်ဆံနဲ့ပဲ ကျောင်းတက်ရမယ်"
"ဟင်...Sugar Daddy အသံကြီးနဲ့"
ကောင်းခန့်က နှာခေါင်းရှုံ့ပြီးပြောတော့ တိုးတိုးက သဘောကျစွာရယ်သည်...
"ဘဲကြီး...ကျွန်တော့်ကို စပွန်ဆာ ပေးတာလားဟင်"
ကောင်းခန့်က တိုးတိုးထိုင်နေရာခုံနားသို့သွားကာ နောက်မှသိုင်းဖက်လိုက်ပြီး နားနားကပ်ကာ ညုတုတုလေသံနှင့်ပြောတော့ တိုးတိုးက အော်ရယ်ပါလေတော့သည်...
CZYTASZ
The Promise Of Summer
Romans(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)