ကောင်းကောင်း ရှိရာ ချင်းမိုင်မြို့ တောင်ပေါ်ရွာလေးသို့ တိုးတိုးရောက်နေသည်မှာ ၁ လ ခန့်ရှိပေပြီ... ကောင်းကောင်း နှင့် ၃ လလောက် တူတူနေပြီးမှ စင်ကာပူသို့ပြန်ပြီး အလုပ်ဝင်ရန် စီစဉ်ထားပြီးဖြစ်သည်... ဒီကြားထဲ မြန်မာနိုင်ငံသို့ တစ်ခေါက်လောက် တူတူပြန်ရန်အားခဲထားသော်လည်း ကောင်းကောင်း အလုပ်က ခွင့်ယူရန်မလွယ်သေး၍ လက်လျှော့လိုက်ရသည်...
ကောင်းကောင်းတို့ ပရောဂျက်က စနေပြီဖြစ်သဖြင့် ကောင်းကောင်းမှာ အလုပ်များနေရသည်...တိုးတိုးကတော့ ကောင်းကောင်း အလုပ်သွားနေချိန် အိမ်မှာနေပြီး ချက်ပြုတ်လိုက် လျှော်ဖွတ်လိုက် နှင့် အိမ်ရှင်ထီး ဖြစ်မှန်းမသိဖြစ်နေရလေသည်...တစ်ခါတရံတော့ ကောင်းကောင်း အလုပ်ရှိရာ အခြေစိုက်စခန်းသို့ လိုက်သွားပြီး ဟိုရှုပ်ဒီရှုပ်လုပ်တတ်သည်...အခုဆို ကောင်းကောင်းရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့်တောင် ရင်းနီးနေပြီဖြစ်သည်...ထိုလူများထဲတွင် ချွင်းချက်အနေနှင့် ကောင်းကောင်းရဲ့ စီနီယာ ထိုင်းလူမျိုး P'San တော့မပါပေ...မြန်မာနိုင်ငံထက် လွတ်လပ်ပွင့်လင်းပြီး Gender မခွဲခြားသော ထိုင်းနိုင်ငံတွင် ကောင်းကောင်းနှင့် တိုးတိုး၏ ဆက်ဆံရေးအား အထူးတလည် လျှို့ဝှက်ထားစရာမလိုအပ်သောကြောင့် ကောင်းကောင်းက တိုးတိုးအား သူ့ချစ်သူ ဟု အားလုံးကို အသိပေး မိတ်ဆက်ပေးထားခဲ့သည်...
သို့တိုင်အောင် ထို စီနီယာ P'San သည် ကောင်းကောင်း အား ရိသဲ့သဲ့လုပ်ကာ အရေးပေးပြီး တွယ်ကပ်နေတတ်သည်ကို တိုးတိုးကရိပ်မိနေရသည်...အားနာတတ်သော ကောင်းကောင်းအကျင့်ကြောင့် တိုးတိုးမှာ စိတ်မဖြောင့်နိုင်ဖြစ်နေရသည်... ကျောင်းတုန်းက သူဇာ့လွင့်ထက်ပင်ဆိုးသော ထိုသကောင့်သားအား တိုးတိုးမှာ ဘယ်လိုနည်းနှင့်မှ ဘ၀င်မကျပါချေ...ထို့ကြောင့် ကောင်းကောင်းအား သူနှင့်ဝေးဝေး နေရန် ရာဇသံပေးထားရသည်...
..............................................................................................................................
ဒီနေ့က ကောင်းခန့် အလုပ်နားရက်ဖြစ်တာကြောင့် မီးဖိုချောင်ထဲမှာ တိုးတိုးနှင့်တူတူဟင်းကူချက်ပေးနေသည်...တစ်ပါတ်လုံးလုံး အလုပ်များနေရသောကြောင့် ကောင်းခန့်မှာ တိုးတိုးနားကို သေချာပင်မကပ်ရသေး...ဒီနေ့မှ အတိုးချပြီးလိုက်ကပ်နေရသည်...
YOU ARE READING
The Promise Of Summer
Romance(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)