"ကောင်း...ဒီမျက်နှာသုတ်ပုဝါက ခေါင်းသုတ်ရမှာလား"
ကောင်းခန့်အခန်းထဲရှိ ဗီရိုထဲမှာ တိုးတိုး အ၀တ်တွေကို နေရာချပေးနေရင်းနောက်သို့လှည့်ကြည့်လိုက်တော့ ငေးခနဲဖြစ်သွားရသည်...ရေချိုးပြီးစ တိုးတိုးက ခါးမှာ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်သာ ပတ်ထားပြီး အပေါ်ပိုင်းဗလာကျင်းနေကာ အချိုးအစားကျလှသော ကိုယ်ပေါ်၌ ရေစက်လေးများသီးကာ စီးကျနေသည်....ရေစိုနေသောဆံနွယ်တို့က နဖူးပေါ် ဖရိုဖရဲကျနေတာ မျက်နှာလေးက ကြည်လင်နေသည်...အရပ်ပိုရှည်လာပြီး ကြွက်သားများပိုထွက်လာကာ ပိုပြီးကျစ်လစ်သန်မာလာပုံရသည်...
"ဟေ့ကောင်...ဘာတွေကြည့်နေတာလဲ"
တိုးတိုးက ပြုံးစစနှင့် မေးတော့ တံတွေးတချက်မြိုချလိုက်ပြီး ပြန်ဖြေရသည်....
"ဟင်..အင်း...အဟမ်း...ဟုတ်တယ် အဲ့ဒါ ခေါင်းကိုသုတ်"
"အဟက်...ကောင်းခန့်ဇော် ငါ့ကို ငမ်းနေတာလား"
တိုးတိုးက မချိုမချဉ်ပြုံး၍ စ နေသည်....ကောင်းခန့်က တချက်ပြုံးကာ
"မင်း ပိုချောလာတယ် တိုးတိုး"
"အင်း အရင်ကတည်းက ချောတာ"
"အဟက်"
"ဘာ ရယ်တာလဲ ငါချောလို့ မင်းငါ့ကို ကြွေခဲ့တာမဟုတ်လား"
"ဘယ်သူက အရင် ကြွေတာလဲ ပြန်စဉ်းစား"
"တိတ်စမ်း...လာ ငါ့ကို ခေါင်းလာ သုတ်ပေး"
တိုးတိုးက ကုတင်စွန်းတွင် ၀င်ထိုင်ကာ မျက်နှာသုတ်ပုဝါကို ပစ်ပေးသဖြင့် အမြန်ဖမ်းလိုက်ရသည်...ထို့နောက် တိုးတိုးဘေးတွင် မတ်တပ်ရပ်ပြီး ရေစိုနေသောဆံပင်များကိုသုတ်ပေးလိုက်သည်...
"ငယ်ငယ်က ရွာမှာသွားနေရသလိုပဲ ကောင်းကောင်း မီးမရှိပဲ ဘယ်လိုများနေလဲကွာ"
"အေးလေ မီးမရှိလို့ပဲ လာလုပ်ပေးနေရတာပေါ့ကွ"
တိုးတိုးက ထိုင်နေရင်း ကောင်းခန့်ခါးကိုဖက်ကာ မျက်နှာကို ဗိုက်မှာလာအပ်ထားပြီး နမ်းရှိုက်နေသည်...
"အား...မွှေးနေတာပဲ"
ကောင်းခန့်အားမော့ကြည့်ပြီး တိုတိုးကပြောသည်...
VOUS LISEZ
The Promise Of Summer
Roman d'amour(Myanmar Boy Love Fiction-OC) (အရမ်းချမ်းသာပြီး လိုတရဘ၀မျိုးတွေမဟုတ်ပဲ real life နဲ့ အနီးစပ်ဆုံး ၂၀၀၆ ခုနှစ်ဝန်းကျင်ခန့်က သင်္ကြန် အငွေ့သက်လေးတွေ အဆောင် အငွေ့သက်လေးတွေ နဲ့ သာမာန်ရိုးရှင်းတဲ့ အဆောင်နေ အင်ဂျင်နီယာကျောင်းသား ဘ၀ အချစ်ဇာတ်လမ်းလေးတခုပါ)