5.

2K 205 4
                                    

အချိန်ဆိုသည် ကုန်မှန်းမသိ တရွေ့ရွေ့ကုန်ဆုံး၍ ကုန်ဆုံးချိန် မြန်သည်လည်း ပြောကြ၏။
သို့သော် ထယ်ယောင်းအတွက် ကြာလွန်းလှသည်။ သုံးလအတွင်း နေ့စဉ်ရက်ဆက်လွမ်းနေသည့် ထယ်ယောင်းအဖို့ ကြာလွန်းသောသုံးလအချိန်အတွင်းမှာ အများကြီး ပင်ပန်းနေပြီ။

ဘယ်နေရာသွားသွား သူ့မျက်နှာ၊ အိပ်မက်တိုင်းလည်း သူ့အကြောင်းသာ။ အလွမ်းပြေမလား စတွေ့ခဲ့သည့် နေရာကို ပြန်သွားတော့လည်း သတိရနေဆဲ...
စိုးမိုးနိုင်လွန်းတဲ့ အချစ်ရယ်။

"ထယ်ယောင်းလေး ဒီနေရာကြီးမှာပဲ အမြဲထိုင်နေတော့မှာလား ... မိဖုရားကြီးနဲ့ ဘုရင်က အခေါ်တော်ရှိနေပါတယ်"

"လာခဲ့မယ်လို့ ပြောလိုက်ပါ အထိန်းတော်အွန်း"

စမ်းချောင်းဘေးရှိ သစ်ပင်ကြီးတွင် ယခင်ကမရှိခဲ့သော နွယ်ဒန်းတစ်ခုသည် လှလှပပနေရာယူထားသည်။ ထိုနေရာပင် အမြဲထိုင်ရင်း ငေးမောနေတတ်သော သူမတို့၏ အဖိုးတန်ရတနာလေး။ တောကြီးသည် ထယ်ယောင်းအတွက် မစိမ်းသက်သည့်နေရာဖြစ်သဖြင့် သည်တောကြီးထဲသို့ ထယ်ယောင်းတစ်ယောက်တည်းသာ လာတတ်သည်။ ထယ်ယောင်း၏ ဖခမည်းတော်နှင့်အတူ မြားပစ်လေ့ကျင့်သည့်နေရာ။ သမင်၊ ဒရယ်စသည့် တောကောင်များကို ထယ်ယောင်းလေး အမဲလိုက်သည့် အရပ်။ စိမ်းညို့ညို့တောကြီးကို သဘောကျခုံမင်လွန်းသော ထယ်ယောင်းအတွက် သီးသန့်ဆောက်ပေးထားသည့် စံမြန်းရာရပ်ဝန်း(တော၏ လျို့ဝှက်ထားသော အပိုင်းတွင် တည်ရှိသည်။)

စောစောပိုင်းတွင် ရယ်ရွှင်ကြည်သာနေခဲ့သော ထယ်ယောင်းသည် အဆောင်တော်ရှိရာ ပြန်လာပြီး အစားကောင်းသောက်ဖွယ်ရာများကို ယူသွားတတ်သည်။ အထိန်းတော်အွန်းနှင့် အစေအပါးများကိုတော့ ထယ်ယောင်းနောက်လိုက်မကြည့်ရန် မိန့်ထားပြီး သူကိုယ်တိုင်တော့ လာတတ်သည်။

လက်ငင်းကာလတွင် တက်ကြွဖျက်လက်၍ တောက်ပစွာပြုံးလေ့ရှိသော ထယ်ယောင်းမှာ ညိုးလျော်နေသည့် ပန်းတစ်ပွင့်နှယ် ဖြစ်နေခဲ့သည်ကား သုံးလပင်ရှိချေပြီ။ သူမတို့လည်း စိတ်မချမ်းမသာ ဖြစ်လှပေသည်။

Emerald GreenOù les histoires vivent. Découvrez maintenant