ခုတင်စွန်းမှာ ခေါင်းငိုက်စိုက်နဲ့ထိုင်နေတဲ့ဂျွန်..."ဂျွန်"
"ကိုယ် တကယ်ပင်ပန်းနေတယ်"
ထယ်ယောင်း သိပါတယ် စိတ်ပင်ပန်းတာက လူပင်ပန်းတာထက်ဆိုးတယ်ဆိုတာ
"ကျွန်တော့်ဆီလာခဲ့..ဂျွန်"
ဂျွန်က ထယ်ယောင်းရဲ့ ပေါင်ပေါ်ကို လှဲချလိုက်ပြီးနောက်
ထယ်ယောင်းက ဂျွန့်ရဲ့ အနည်းငယ်ရှည်တဲ့ဆံပင်တွေကို ဖွပေးနေသည်။
"ဂိုရိန်း သက်သာပါ့မလား"
"အို... သက်သာမှာပါ ဂျွန်ရယ် သူ့ကို အကောင်းဆုံးဆေးတွေနဲ့ ကုပေးနေကြတာပါ အများကြီးလည်း စိတ်မပူပါနဲ့"
"ဂိုရိန်းက ကိုယ့်ရဲ့သူငယ်ချင်းလို အားအကိုးရဆုံးလူ... ဘာလို့ ကိုယ် သူ့စကားကို နားမထောင်ပေးမိတာလဲ ကိုယ်... သိပ်မှားသွားတယ်"
"အဲ့လိုလည်းမဟုတ်ပါဘူး အကြောင်းမသင့်ဖြစ်သွားတာရော ဂျွန်လည်း သွေးပူနေတုန်းမို့ပါ"
ဂျွန့်ရဲ့ နားသယ်စတစ်လျှောက်ကနေ နားနောက်အထိ ထယ်ယောင်းက လက်ချောင်းလေးတွေနဲ့ ဖွဖွတို့ကိုင်ရင်း စကားတွေ ပြောပေးနေမိသည်။
ထယ်ယောင်းရဲ့ အသံမှာ ခပ်အေးအေးသာဖြစ်သော်ငြား အေးစက်နေခြင်းမဟုတ်။ နွေးထွေး၍ ငြိမ်ကာ နားဝင်ပီယံချိုလှသည်။
ကိုယ့်ကို မိခင်တစ်ယောက်လို၊ အစ်မတစ်ယောက်လို ပြောပြနေတဲ့ ထယ်ယောင်း...
ရင်ခွင်ငယ်လေးက ကိုယ့်ကိုနားလည်မှုအပေးနိုင်ဆုံး
ကိုယ့်ကို ခပ်ဖွဖွထိတွေ့ပေးနေတဲ့ လက်လေးတွေက နွေးထွေးမှုအရှိဆုံး...တစ်ယောက် လဲကျရင် တစ်ယောက်ကဖေးကူတဲ့ သူတို့ရဲ့အချစ်..
တစ်ယောက်မရှိရင် တစ်ယောက်က ရင်ကွဲမတတ်လွမ်းတတ်တဲ့ သူတို့ရဲ့သံယောဇဉ်..
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တတိယလူအဝင်မခံတဲ့ သူတို့ရဲ့သစ္စာ..ချစ်ခြင်းမှာ သံယောဇဉ်ရယ် သစ္စာရယ်ထည့်ပေါင်းလိုက်တဲ့အခါ ခိုင်မြဲခြင်းဟာသူ့အလိုလို ရစ်နှောင်လာပါတယ်။
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...