"အမှား ဟုတ်လား ဂျွန်"အမှန်ကို ဘယ်တော့မှ မသိရဘဲ ဂျွန်ထင်နေတဲ့အတိုင်းပဲ ခံစားရင်း ရူးသွပ်နေလိုက်တော့။
မျက်ရည်တွေနဲ့ နီရဲနေတဲ့ ထယ်ယောင်းရဲ့မျက်လုံးတွေ
ကိုယ်လည်း ထပ်တူထပ်မျှ ခံစားနေရတာပဲ
သိလိုက်ရတဲ့အချိန်က တစ်ကိုယ်လုံးပူရှိန်းလာပြီး
နေရာမှာတင် ပြိုလဲကျသွားတော့မယ့်အတိုင်း..."ဟုတ်တယ် အမှား! မင်းလုပ်ခဲ့တာက လုံးဝအမှား!"
ပေါက်ကွဲမိတာလား ထွက်ပေါက်ရှာမိတာလား ဂျွန်မသိ...
ဂျွန်က အော်ဟစ်နေသည့်တိုင် ထယ်ယောင်းကလည်း တင်းထားတဲ့ မျက်နှာကို လုံးဝမလျှော့သေး...
သူ့ရင်ဘတ်ထဲက နာနေတာက သက်သက်
အပြင်ပန်းက တခြား...မျက်နှာလွှဲထားတဲ့ မတုန်မလှုပ်ထယ်ယောင်း.. ဖြေရှင်းချက်မလာတော့တဲ့ ထယ်ယောင်း..
ကိုယ့်ကို ပိုပြီးမခံမရပ်ဖြစ်စေတာ
ထယ်ယောင်းရဲ့ပခုံးကို အတင်းဖျစ်ညှစ်ပြီး"ထယ် ကိုယ့်ကိုကြည့် မင်း ကိုယ့်မျက်လုံးကိုသေချာကြည့်စမ်း မင်း ဘယ်လောက်မိုက်မဲခဲ့လဲ သိလား ဟမ်"
အထပ်ထပ်အခါအခါ ရန်ရှာခံနေရသည့် ပခုံးတွေလည်း နာလှပြီ...
ရင်ထဲက တင်းကျပ်နေတာတွေလည်း ပိုဆိုးလာသည်။
ဂျွန်ပြောတဲ့အတိုင်း သူ့မျက်လုံးတွေကိုသေချာကြည့်လိုက်ပြီး
"ကျွန်တော်လုပ်ခဲ့တာက အမှားဆိုရင် ဘယ်တော့မှ နောင်တမရတဲ့အမှားပဲဖြစ်မှာ ဂျွန့်အတွက်ပဲ ရူးမိုက်ခဲ့တာ၊ ဂျွန်လို့တွေးရင်း လက်မတွန့်ခဲ့တာ အဲ့ဒီအမှားက ခင်ဗျားကိုချစ်လို့မှားတဲ့အမှား"
ထယ်ယောင်းက ငြိမ်နေရာမှ ထအော်ပစ်သည်။
"ထယ်!!"
"ဘာပဲဖြစ်ဖြစ်လို့တော့ မပြောနဲ့ ခင်ဗျားက ကျွန်တော့်အတွက်သေသေရှင်ရှင်ပစ်ထားရက်မယ့်လူမှ မဟုတ်တာ ဟမ်"
"ဂျွန်ဆိုရင်ရော ကျွန်တော့်နေရာမှာ ဘာလုပ်မှာလဲ ကျွန်တော့်နေရာကနေစဉ်းစားကြည့်လေ"
ESTÁS LEYENDO
Emerald Green
Fanficခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...