ပွဲတော်ပြီးကတည်းက
မငြိမ်လာတဲ့ မြို့ထဲကအခြေအနေ..။လူတစ်ယောက် နှစ်ယောက်ပျောက်ရာကနေ
အခုတော့ တစ်စ တစ်စ ပိုများလာလေပြီ။နန်းတွင်းမှာလည်း နေ့စဉ်မပြတ် လာလျှောက်တင်နေကြသူတွေနဲ့ ယောက်ယတ်ခတ်လျက်..
ရုတ်တရက် ပျောက်ပျောက်သွားကြသည့်လူတွေက သံလွန်စ တစ်ခုလေးတောင် မချန်ခဲ့၍ ဘယ်ကမှ အစဖော်မရဘဲ အဖြစ်အပျက်တွေက ခက်ခဲသည်။
ဒါပေမယ့် သူတို့ သတိထားစောင့်ကြည့်ရင်း နန်းတွင်းနန်းပြင်မှာလည်း အစောင့်အကျပ်များစွာ ထားလိုက်သည်။
နံနက် ဝေလီဝေလင်းအချိန်
တဒူဒူမြည်လာသော အချက်ပေးမောင်းသံကျယ်ကျယ်
မီးငြှိမ်းထားတဲ့ အဆောင်တွေအားလုံး လင်းလာပြီး နန်းတွင်း တစ်ခုလုံး အုံကြွလာသည်။
"သစ္စာဖောက် စစ်ဗျူဟာတွေ ခိုးပြေးသွားပြီ! !"
ပြဿနာတစ်ခုက မပြီးသေးခင် နောက်ထပ်ပြဿနာတစ်ခု..။
ခြေလှမ်းကြဲများဖြင့် ဘုရင့်နန်းဆောင်ဆီ ရောက်လာသော ဂျွန်..
အဆင့်သင့်ဖွင့်ထားသော တံခါးကိုဝင်လိုက်သည်နှင့်
နောက်ကျောပေးကာ ဓားကိုင်ထားသော အင်ဗြောင်ဟိုက"ဂျွန်ဂျောင်ဂု မင်းက အနောက်ဘက်ကိုသွား.. ငါက အရှေ့ဘက်ကိုသွားမယ်!"
"လွတ်နေတဲ့ တောင်ဘက်နဲ့မြောက်ဘက်က တံခါးမရှိပေမယ့် တောင်ဘက်ကို ဒိုယန်း"
ဒါနဲ့ ဂျွန်က
"မြောက်ဘက်က.."
"ကင်မ်ထယ်ယောင်း!"
"ဘာ !"
"အငြင်းပွါးနေဖို့အချိန်မရှိဘူး ဂျွန်ဂျောင်ဂု ငါပြောတဲ့အတိုင်းလုပ် ကင်မ်ထယ်ယောင်းရဲ့အရည်ချင်းကို မင်းသိတယ်"
တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ပြီး လျင်မြန်စွာ ထွက်သွားကြတဲ့ နှစ်ယောက်..
လေးနဲ့မြားကိုကိုင်ပြီး ထွက်လာတဲ့ထယ်ယောင်း
နောက်လိုက် လေးငါးယောက်က သူ့ဘေးမှာ..
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...