ပြတင်းပေါက်မှ အနည်းငယ် တိုးဝင်လာသော အလင်းရောင်တချို့နှစ်ယောက်ထိုင်၊ အိပ်စက်အနားယူနိုင်တဲ့ လွှဲဒန်းရဲ့အမှီကို မှီထားတဲ့ ဂျွန့်ရင်ခွင်ထဲမှာ ထယ်ယောင်း တစ်ညလုံးရှိနေခဲ့သည်။
ဂျွန့်ရဲ့ ထွေးဖက်မှုတွင် နေသားတကျ ခိုဝင်နေခဲ့သည်။
နှစ်ယောက်အပေါ်မှာလည်း ခြုံထားတဲ့ စောင်တစ်ထည်...
ဂျွန့်ရဲ့ရင်ခွင်ထဲကနေ တစ်နေရာကိုငေးကြည့်နေတဲ့ ထယ်ယောင်း မျက်လုံးတွေကအရောင်မှိန်စွာ...
"အချစ်.."
ထယ်ယောင်းရဲ့ပခုံးကို ရှူးခနဲ နမ်းလိုက်ကာ
ထွက်လာတဲ့ဂျွန့်အသံ"မိုးလင်းတော့မယ်"
ဂျွန့်ရင်ခွင်ပေါ် ကျောမှီထားတဲ့ ထယ်ယောင်းက အသံလာရာ မော့ကြည့်လျှင် မျက်လုံးတွေကလည်း အားငယ်သွားရှာသည်။
သူက ဆွေးဆွေးမြည့်မြည့် ...
အကြာကြီး မော့ကြည့်နေပြီးနောက်"လရောင်တွေ မဟုတ်ဘူးလား"
"ထယ်.."
"ရှည်လွန်းတဲ့ညကလည်း ဂျွန်နဲ့အတူဖြတ်သန်းနေတော့ ဘာမှန်းမသိ ကုန်ဆုံးသွားပြန်ပြီ"
သူ့ကို ကလေးတစ်ယောက်ပမာ ပွေ့ပိုက်ထားသည့် ဂျွန်က နဖူးစပ်နေရာ၊ နားထင်နေရာတွေကို နှုတ်ခမ်းနှင့်ဖိကပ်ထားလျက်
"ပြန်လာရင် နောက်ထပ် ညတွေအများကြီးကို ကိုယ်တို့အတူဖြတ်သန်းကြမယ်"
ငြိမ်သွားတဲ့ ထယ်ယောင်း..
ဂျွန်က ထယ်ယောင်းရဲ့ပါးပြင်ဆီ သူ့ပါးနဲ့ ဖိအပ်လိုက်ကာ၊ ခါးကို ဖက်ထားတဲ့လက်တစ်ဖက်ကလည်း ထယ်ယောင်းရဲ့လက်ချောင်းတွေကြားထဲ ဝင်ရောက်ဆုပ်ကိုင်ရင်း ပိုလို့ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
...
စစ်ဝတ်စုံအပြည့် ဝတ်ဆင်ပြီးသွားသောဂျွန့်ကို နောက်ဆုံးအနေနှင့် ငွေနန်းကြိုးများဖြင့်သွန်းခတ်ထားသော ပုခုံးကာ စစ်ဝတ်တန်ဆာအား ကိုယ်တိုင် တပ်ဆင်ပေးနေသည့် ထယ်ယောင်း...အားတင်းပြီးပြုံးထားတဲ့ မျက်နှာ..
ဒါပေမယ့် အားတင်းမထားနိုင်တာက မျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေ...
